အကြိမ်ကြိမ်ရင်ခုန်မိသော

2.5K 64 1
                                    

အကြိမ်ကြိမ်ရင်ခုန်မိသော(my bad girl)

အပိုင်း ၄၁

Rain က ပြောရင်း လက်ကို အတင်းခါပြီး ဖြုတ်လိုက်၏။ အားနဲ့ ရုန်းပြီး ဖြုတ်လိုက်တာမို့ အနောက်က တောင်ကုန်း အမြင့်မှ ခြေချော်ပြီး
အောက်ကို ပြုတ်ကျဖို့ ဖြစ်သွားတော့သည်။

"အ......

"Rain....

ဆက်က အလန့်တကြားပြေးဆွဲ ထားလိုက်တော့ လက်တစ်ဖက်ကို ဆွဲလိုက်မိပြီး
Rain က အောက်မကျသွားပဲ လေထဲမှာ တန်းလန်း ဖြစ်နေတော့သည်။

ဆက်က သစ်ပင်တစ်ခုကို လက်တစ်ဖက်က ဆွဲထားပြီး တစ်ဖက်က rain ကို ဆွဲထားတာဖြစ်သည်။

"အ....လွတ်ပေး....လွတ်...

"ဟင့်အင်း မလွတ်ဘူး......မင်း ပြုတ်ကျသွားလိမ့်မယ်...

"ရှင်မင်းဆက် လွတ်ပေး......

"မင်း ဘာတွေ ပြောနေတာလဲ...မင်း က ကိုယ်အချစ်ရဆုံး မိန်းကလေးလေ....မင်းကို တောင်အောက်ပြုတ်ကျသွားတာ ဒီတိုင်းကြည့်နေစေချင်တာလား....မလွတ်နိုင်ဘူး...မင်းလဲ မလွတ်နဲ့ သေချာ ကိုင်ထား....

ဆက်က အံကြိပ်ပြီး Rain ကို ဆွဲထား၏။

အချစ်ဆုံး မိန်းကလေး။ ငါက သူ့ရဲ့ အချစ်ဆုံး မိန်းကလေးတဲ့လား။

"ရှင်မင်းဆက် အူကြောင်ကြောင်မလုပ်နဲ့...လက်ကို လွတ်လိုက်...ပြုတ်ကျလဲ နာသွားတာလောက်ပဲ ဖြစ်မှာ ရှင် အခုလိုဆက်ပြီး ဆွဲထားရင် ၂ယောက်လုံး ပြုတ်ကျသွားလိမ့်မယ်....လွတ်...လွတ်လိုက်....

Rain က အခြားလက်တစ်ဖက်ဖြင့် ဆက်ရဲ့ လက်ကို ဖြုတ်ဖို့ကြိုးစား၏။

"လွတ်ပေး.....

"မလုပ်နဲ့ မဖြစ်နိုင်ဘူး....

"ဆက်...လွတ်...မဟုတ်ရင် ၂ယောက်လုံး ပြုတ်ကျတော့မှာ....

ဆက် ရဲ့ လက်တစ်ဖက်ထဲနဲ့ Rain ကို ဆွဲထားရတာကြောင့် လက်တစ်ခုလုံး ထုံကျဥ်လာပြီး နာကျဥ် မူက အသည်း ခိုက်မတက်။ Rain ကထိုအရာကို ခန့်မှန်း မိနေတာ ကြောင့် လက်ကို ဖြုတ် ဖို့ ကြိုးစားနေမိတာ ဖြစ်သည်။

"လွတ်ပေး....မဆွဲထားနဲ့တော့....တကယ် နိမ့်နိမ့်လေးပါဆို....ကြည့်ပါလား...လွတ်လိုက်ပါ.......

အကြိမ်ကြိမ် ရင်ခုန်မိသော(my Bad Girl)Onde histórias criam vida. Descubra agora