အကြိမ်ကြိမ်ရင်ခုန်မိသော (my bad girl)
အပိုင်း ၃၁
"သူမ ရဲ့ တကယ့် သရုပ်မှန်ကို ရှင် သိဖို့ လိုတယ်...ဆက်...ရှင်သူ့ကို ချစ်နေတယ် မဟုတ်လား...ဒါပေမယ့်
သူ့မ အတွက် ရှင်က အသုံးချလို့ကောင်းတဲ့ အရုပ်တစ်ရုပ်သာသာပဲ...ရှင် ကြားရဲ့လား...နွေဦး ရဲ့ စကားသံတွေကို ဆက် ကြားလိုက်မကြားလိုက်။ အတွေး က အတိတ်သို့ ပြန်လည်နေခဲ့သည်။ Rain နဲ့ စတွေ့ ခဲ့တဲ့နေ့။ ပြီးတော့ နောက်ထပ် သူ့အနားရောက်လာတဲ့နေ့ ၊ အမူးလွန်ခဲ့တဲ့ ညက အဖြစ်တွေ ၊ မဂ်လာပွဲ ပြီးတော့ ဖြစ် ပျက်ခဲ့တာတွေ အားလုံးဟာ ပိတ်ကား တစ်ကား ကြည့်နေရသလို မျက်လုံး ထဲ တစ်ကွက် ချင်း ပြန်ပေါ် လာခဲ့သည်။
တမင် ချဥ်း ကပ်ခဲ့တာတဲ့ အဲ့တာ ဟုတ်လား....
တရားဆွဲမယ်လို့ ပြောပြီးမှ ဟော်တယ်ကို အကောင်းတွေပြောပြီး ကြော်ငြာ ပေးခဲ့တာတွေက ဟန်ဆောင်တာ တဲ့လား...
ကလေး လဲ မရခဲ့ဖူးတဲ့လား...
ဒါဆို ဘာတွေ ဖြစ်ကုန်တာလဲ....
ဘာလို့ နားမလည် ဖြစ်နေတာလဲ...
Rain မင်း ပြောကြည့် တကယ့် အမှန် တရားက ဘာလဲ...
မင်း တကယ် အဲ့လိုတွေ လုပ်ခဲ့တာလား......
မင်း ကိုယ့်ကို ညာခဲ့တာလား....
အားလုံး က အတု အယောင်တွေ တဲ့လား...
နွေ ရဲ့ ချစ်သူမို့ တမင် လုယူခဲ့တာတဲ့လား...မင်း အမေကို လုယူတယ် ထင်လို့ကလဲ့စားခြေဖို့ အသုံးချခဲ့တာတဲ့လား.....
ကိုယ့်ကို ပျော်ရွင်စေခဲ့တာတွေ ကိုယ့်မိသားစုကို ပျော်ရွင်စေခဲ့တာတွေက မင်း ရဲ့ အစီ အစဥ်တွေ တဲ့လား...
မင်း ရဲ့ စိတ်ရင်း မဟုတ်ပဲ အစီအစဥ်တွေ တဲ့လား...
အဲ့ တာ မဟုတ်ဘူးလို့ ကိုယ့်ကို ပြောပေးနိူင်မလား......
ကိုယ် မယုံဘူး.....မယုံဘူး.....
အဲ့တာ မဖြစ်နိူင်ဘူး...
ကိုယ့်ကို အမှန် မဟုတ်ဘူးလို့ လာပြောပေးပါလား....."ဆက်....
"သွားတော့ တစ်ယောက်ထဲ နေချင်တယ်...
"ဆက်....နွေ အဖော် ပြုပေးမယ်....
"မင်း ကို သွား တော့လို့ ပြောနေတယ်လေ....
ဆက်က ထအော်လိုက်ပြီး ခုံပေါ်က ဖိုင်တွေ ကို လက်နဲ့ အကုန် သတ်ချ ပစ်လိုက်တော့သည်။
"ထွက်သွား...
"ကောင်းပြီ...နွေ သွားမယ်...ရှင် အခု အရမ်း စိတ်တိုနေလောက်မှာ နွေ သိတယ်...ရှင့်ကိုသူမက လိမ်ညာ ခဲ့တာပဲ စိတ်တို သင့်တယ်...နွေ သွားပြီနော် ကိုယ့်ကို ကိုယ် မထိခိုက်စေနဲ့ ပြောတာတွေ မယုံသေးရင် ရှင် ကိုယ်တိုင် သူမကို
မေးကြည့် လို့ရတယ်.......
ŞİMDİ OKUDUĞUN
အကြိမ်ကြိမ် ရင်ခုန်မိသော(my Bad Girl)
RomantizmUn/Zg အချစ်ဆိုတာ တကယ်ရှိလား မရှိလားတော့ သေချာ မသိဘူး ကဗျာဆရာတွေ စာရေး ဆရာတွေက အချစ်ကို အမျိုးစုံ ဖွဲ့ဆိုကြတယ် ကိုယ့်အတွက် အချစ်ကတော့ ပူလောင်တယ် တစ်စုံတစ်ယောက်ကို ချစ်မိသွားရင် သူ့ကြောင့် ကိုယ်လဲ ပူလောင် ရတယ်....အဲ့ဒီ ထဲမှာမှ ဗီလိန်တစ်ယောက်ရဲ့ အချစ်ဆ...