အကြိမ်ကြိမ်ရင်ခုန်မိသော
အပိုင်း ၂
"ဆရာဝန် လို့လဲ မပြောမိပါဘူး....
"သူဌေးဆက်......
ဟော်တယ်ဝန်ထမ်း က အရိုအသေ ပေးသလို ခေါင်းငုံ နူတ်ဆက်၏။
"သူဌေးဆက်....ရှင်တို့ သူဌေးလား...လက်စသတ်တော့ ...ရှင်ကို.... Moonlight ကုပ္ပဏီ ရဲ့ ဥက္ကဋ္ဌ
ရှင်မင်းဆက်.....ဆိုတာလား....အခုမှပဲအပြင်မှာ သေချာ မြင်ဖူးတော့တယ်..."မင်း သိနေသားပဲ....
"သိတာပေါ့...သိပ်သိတာပေါ့....ကျွန်မ ရှင့်ဟော်တယ်မှာ တည်းမိလို့ သေခါနီး အထိ ဖြစ်သွားရတာ မသိပဲ နေပါ့မလား.......ဘာကြောင့် အခုလိုဖြစ်ရလဲ စဥွ်းစားနေတာ လက်စသတ်တော့ အရွယ်မရောက်သေးတဲ့သူဌေး ရဲ့
အုပ်ချုပ်မူကြောင့်ပဲ....."မင်း က ဘယ်သူ ကို အရွယ်မရောက်သေးဘူး ပြောတာလဲ....
"ရှင်က လွဲပြီး ဘယ်သူ ကို ပြောမယ် ထင်နေတာလဲ.......
"မင်း.....
"ဘာလဲ မဟုတ်လို့လား.....ရှင့် အသက်နဲ့ ရှင့် အလုပ် က အရမ်းကြီး ဖိအား များနေပုံပဲ....
အဲ့လို ဆိုရင် အခြား သင့်တော်တဲ့ လူကို ခေါင်းဆောင် ထားသင့်တယ်....အခုလို အုပ်ချုပ်မူ စီမံခန့်ခွဲမူ
အမှားတွေ မရှိအောင်ပေါ့......."မင်း နဲ့ အရင်ကလဲ ရန်ငြိုး မရှိခဲ့ဘူး ဘာလို့ရန်လိုနေရတာ လဲ.......မင်းပြော နေတာ အားလုံး အပြင်ကနေ ကြားခဲ့ပြီး ပြီ....မင်းနစ်နာ သွားတာမှန်ပါတယ်....ငါ နစ်နာကြေးပေးမှာပါ....ဆေးရုံ စရိတ် အားလုံး....ငါ တာဝန်ယူပေးမှာမို့ စိတ်မပူပါနဲ့.... မင်း ဘာတစ်ခု မှ မကုန်ကျစေရဘူး.....အခု အခန်း ကရော အဆင်ပြေ လား အဆင်မပြေရင်နောက်ဒါထက် ကောင်းတာလဲ ပြောင်းလို့ရတယ်...
မင်း နစ်နာကြေး ငွေ လိုချင်လား...ဘယ်လောက်ပေးရမလဲ....နစ်နာကြေး လိုချင်လားတဲ့ မေးခွန်းက ။
အတော်ရယ်ရတာပဲ။ ပိုက်ဆံ ရှိရင် ဘာမဆို ရတယ် ထင်နေတဲ့ လူ ပဲ ။ မုန်းစရာကောင်းလိုက်တာ။ ဝင်လာထဲ က အောက်ခြေ လွတ်နေတဲ့ ပုံနဲ့ သူတို့ ဘက်ကလဲ မှားသေးတယ် တောင်းပန်ပါတယ် တစ်ခွန်း မပြောဘူး။Rain လိုချင်တာက တာဝန်ယူချင်စိတ်အပြည့် ပါတဲ့ တောင်းပန်ပါတယ် ဆိုတဲ့ စကားတစ်ခွန်းလောက်ပါပဲ။
တောင်းပန်ပါတယ် ပြောဖို့ ဒီလောက်ထိ ခက်လား။ငွေ လို ချင်လားတဲ့မေးပုံက....ငွေ... အဲ့ငွေ ဘာလုပ်ရမှာလဲ ဒီက..........
ငွေ နဲ့ အသက်ပြန်ဝယ်လို့ ရတယ် ထင်နေလား....
ВЫ ЧИТАЕТЕ
အကြိမ်ကြိမ် ရင်ခုန်မိသော(my Bad Girl)
Любовные романыUn/Zg အချစ်ဆိုတာ တကယ်ရှိလား မရှိလားတော့ သေချာ မသိဘူး ကဗျာဆရာတွေ စာရေး ဆရာတွေက အချစ်ကို အမျိုးစုံ ဖွဲ့ဆိုကြတယ် ကိုယ့်အတွက် အချစ်ကတော့ ပူလောင်တယ် တစ်စုံတစ်ယောက်ကို ချစ်မိသွားရင် သူ့ကြောင့် ကိုယ်လဲ ပူလောင် ရတယ်....အဲ့ဒီ ထဲမှာမှ ဗီလိန်တစ်ယောက်ရဲ့ အချစ်ဆ...