အကြိမ်ကြိမ်ရင်ခုန်မိသော

1.7K 80 4
                                    

အကြိမ်ကြိမ်ရင်ခုန်မိသော

အပိုင်း ၁၃

" Rain.... မင်း အန်ချင်နေသေးတာလား....

"ဟင့်အင်း....ရတယ်....

"လိပ်စာ က ဒါနော်.....

"ဟုတ်ကဲ့.......

ဆက်က Rain ပြတဲ့ လိပ်စာအတိုင်း အိမ်ကို လိုက်ပို့၏။အိမ်ရောက်သည်နှင့်.....

"Rain ...ပြန်လာပြီလား....ဒီနေ့ အလုပ်မသွားရဘူးလား.........

ထမင်းချက် အန်တီ ကြီးက ထွက်လာပြီး Rain ကို ခရီး ဦးကြိုပြု၏။

"ဆက်...ဝင်လာလေ......

ဆက် လဲ Rain နဲ့အတူ လိုက်ဝင်လိုက်၏။

"အန်တီ မဂ်လာ ပါဗျ....

"မဂ်လာ ပါသားရေ...ဒါနဲ့ Rain က...

"Rain ခေါင်း မူးနေလို့ လိုက်ပို့တာ.....

"ဟုတ်လား...အခု ဘယ်လိုနေသေးလဲ...အန်တီ ပြောသားပဲ အများကြီး မစားပါနဲ့ ဆိုတာကို အခုတော့ ဗိုက်ပြည့်ပြီး မူးနေပြီ မဟုတ်လား.....

"Rain က အစားများလို့ မဟုတ်ဘူး ခင်ဗျ.......

"အစားများလို့ မဟုတ်ဘူးလား...ဒါဆို ဘာလို့လဲ....

"အန်တီ...အအေး တစ်ခုခု ဘာလို့ မဖျော်ပေးတါလဲ....

"အာ.... မေ့နေတာ...ခ... လာရင် သူ့ပါသူ ယူသောက်နေ ကျဆိုတော့ ...ခ...နဲ့မှားနေတာ..စိတ်မရှိပါနဲ့.... သားရေ...ဘာသောက်မလဲ....

"ကျွန်တော် ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်....

"ဒါဆို သံပုရာရည်လေး အဆင်ပြေတယ်မဟုတ်လား...

"ဟုတ်ကဲ့....

"အန်တီ...Rain ကို ရှောက်သီး
ဆေးပြား ဘူးလေးတွေ လာပို့ခိုင်းပေး ကောင်မလေးကို....

ဟန်ဆောင်တာက ဟန်ဆောင်တာဆိုပေမယ့် အစား များသွားတာကြောင့် မအီမသာဖြစ်နေတာကလဲ တကယ်ပဲ​ြဖစ်သည်။

"ရတာပေါ့ ရတာပေါ့....

သဘောကောင်းပုံရသည့် အန်တီကြီးက ခပ်သုတ်သုတ် အထဲကိုလျောက်ဝင်သွား၏။

"ထိုင်လေ....

ဆက်က ဝင်ထိုင်လိုက်ပြီး အိမ်ရှေ့ ဧည့်
ခန်းမှာ အပြည့်ရှိနေသည့် ဓာတ်ပုံတွေကို လိုက်ငေးကြည့်နေမိသည်။ အရွယ်စုံ ဖြစ်အောင် ချိတ်ဆွဲ ထားတာကအစ ကနေ အဆုံးထိ တစ်နှစ်ပြီး တစ်နှစ် ကြီးလာပုံအဆင့်ဆင့်ပဲ ဖြစ်သည်။ အခန်း တစ်ခု လုံး သူမပုံတွေ နေရာ ယူထားပြီး အပြုံးတွေကလဲ နူးညံစွာ။

အကြိမ်ကြိမ် ရင်ခုန်မိသော(my Bad Girl)Onde histórias criam vida. Descubra agora