အကြိမ်ကြိမ်ရင်ခုန်မိသော

1.6K 62 0
                                    

အကြိမ်ကြိမ်ရင်ခုန်မိသော

အပိုင်း ၁၇

ဒေါ်ခင်ခင်ထား အိမ်ပြန်ရောက်သည်နှင့်...

"မေမေ ဘယ်တွေ သွားနေတာလဲ ဆိုင်ကို ဖုန်းဆက်တော့ လဲ ဆိုင်မှာ မရှိဘူး...

"သြော်....အင်း....သွားစရာလေး ရှိလို့.....

"ဘယ်သွားတာလဲ....

"လူ သွားတွေ့တာ....

"လူ....ဘယ်သူ့ ကိုလဲ.......

"Rain ကို......

"မေမေ သူမကို သွားတွေ့တာလား...
ပြောခဲ့သေးလား...
နောက်ဆုပ်ဖို့..........

"အင်း ပြောခဲ့တယ်...ဒါပေမယ်....

"ဒါပေမယ့် ဘာဖြစ်လို့လဲ......

"သူမှာ ကလေး ရှိနေပြီလေ သမီးရယ် နောက်ဆုပ်ခိုင်း ရင်တောင် အဆင်မှ မပြေတာ.....

"မေမေ က လဲ အဲ့ကိုယ်ဝန်က အတုပါဆို...သမီးပြောတာယုံ....

"သူမ က နောက်ဆုပ်မယ် မထင်ဘူး......

"မေမေ ဆက် ကို နောက်ဆုပ်ဖို့ပြောကြည့်ပါလား....

"မေမေ က ပြောရမှာလား...

"အင်းလေ...ဆက်က မေမေ စကားဆို နားထောင်ရင် နားထောင်မှာ......

"မဟုတ်တာ သမီးရယ်...မေမေ ပြောလဲ ဘာအသုံးဝင်မှာလဲ...ဒါက လူငယ်တွေ ကိစ္စ လေ...မေမေ တို့ လူကြီးတွေက ဘာတက်နိုင်မှာလဲ...ပြီးတော့ သမီး ပဲ ပြောတာလေ.....
ဆက်က ဆုံးဖြတ်ပြီးရင် မပြင်ဘူး ဆိုတာ...အခု လဲ ဘယ်ပြင်ပါ့မလဲ....

"ပြောကြည့်ပါဦးလား...မေမေ ကလဲ...သမီး အတွက် ပြောကြည့်ပေးပါနော်....

"မေမေ မလုပ်နိုင်ဘူး....
ဆက်က အစထဲက သမီးနဲ့ သူ့မိဘတွေကိုတောင် သေချာ မိတ်ဆက်ပေးထါးသေးတာမှ မဟုတ်ပါ......သူငယ်ချင်း တွေမို့ အိမ်ကို ဝင်ထွက်နေကြတာပေမယ့် ချစ်သူ အဖြစ် မိတ်ဆက်မပေးရသေးဘူးလေ...မေမေ ပြောတာမှန်တယ်မဟုတ်လား....အခုလဲ သူ့ ရွေးချယ်မူက မှန် တာပဲလေ...သူ့လို လူတစ်​ယောက်က ဘယ်လို လုပ်ပြီး တာဝန်မဲ့ နေ နိုင်ပါ့မလဲ....

"မဖြစ်ဘူး....သမီးက တော့ လက်မလျော့နိုင်ဘူး....

"သမီး ဘာလုပ်မလို့လဲ........မဟုတ်တာတွေ မလုပ်ရဘူးနော်....

အကြိမ်ကြိမ် ရင်ခုန်မိသော(my Bad Girl)Donde viven las historias. Descúbrelo ahora