အကြိမ်ကြိမ်ရင်ခုန်မိသော(my bad girl)
အပိုင်း ၃၈
ကားဒရိုင်ဘာကောင်လေးက ကားထဲသို့ ခပ်မြန်မြန်ဝင်ပြီး အရှေ့က ပိတ်နေတဲ့ ကားတွေ ကို ကွေ့ပတ်ကျော်တက် လိုက်ပြီး အနက်ရောင်ကားနောက်သို့ မှီဖို့ကြိုးစားလိုက်လာခဲ့၏။
အနက်ရောင် ကားက Rain ရဲ့ဖခင် နေထိုင်သည့် အိမ်ထဲသို့ ဝင်သွား၏။
ဆက်ရဲ့ ကားကို မလှမ်း မကမ်းမှာ ရပ်ပြီး ကြည့်နေခဲ့တာ ဖြစ်သည်။ Rain က ကလေးကို ချီပြီး ဆင်းသွားသလို ဒေါက်တာ ခ ကလဲ လက်ကေ့စ်အိပ်တွေ ဆွဲထုပ်နေ၏။ အိမ်ထဲမှ ဦးရာဇာ ကလဲ ထွက်ပြီး လာကြိုတာ တွေ့နေရသည်။"အ...အကိုလေး...အဲ့တာ မမလေး Rain မဟုတ်လား....
"ဟုတ်တယ်....အဲ့တာ Rain ပဲ...
"မမလေး က အကြာ ကြီး ပျောက်သွားတာ အခု တော့ ပြန်လာပြီပေါ့...ဒါ..ဒါပေမယ့် အကိုလေး.....က..ကလေး က....
"အိမ်ပြန်မယ်....
"ဟုတ်...ဟုတ်ကဲ့....
ဆက် ကြည့်နေတာတွေ ကို ရပ်ပြီး မျက်လုံးမှိတ်လျှက် အနောက်ကို မှီချလိုက်သည်။ တကယ် Rain ပဲ.... သူမ အရင်ကနဲ့ နဲနဲတော့ ကွာခြားသွားတယ်။ကျောလည်မရောက်တရောက် ဆံပင်တွေကို ခပ်မြင့်မြင့် စုစည်းထားပြီးတော့ အရင်ကလို ကလေးဆန်တဲ့ အမူအရာတွေ မတွေ့တော့ဘူး။ တစ်ကိုယ်လုံး အကျပ် ဒူးအတိ ဂါဝန် ကို ပေါ့ပေါ့ပါးပါး ဖြစ်စေတဲ့ ရူးဖိနပ်တစ်ရံနဲ့ တွဲဖက် ဝတ်ဆင်ထား၏။ နီညိုရောင် မျက်မှန် နဲ့ သူမရဲ့ ဖြူဝင်းတဲ့ မျက်နှာကလဲ လိုက်ဖက်စွာ။ သေချာ ပြောရ ရင် အခု Rainက ရင့်ကျက်မူတွေနဲ့ ပိုလှ လာခဲ့တာ။ အရင်က ချစ်စရာကောင်းပြီး ကလေးဆန်တဲ့ ကောင်မလေးကတော့ မရှိတော့ဘူး။ ဘာလို့အခုလိုပြောင်းလဲသွားတာလဲ လို့ မေးဖို့ မလိုတော့ဘူး ထင်တာပဲ။ သူ့ဘေးက လူကြောင့် ပေါ့။ ဆရာဝန်တစ်ယောက်နဲ့ လိုက်ဖက် ညီတဲ့ ဇနီးသည်တစ်ယောက် ပုံစံ။ ပြီးတော့ ချစ်စရာကောင်းတဲ့ ကလေးတစ်ယောက်။ Rain သူမ...သူမရှိပဲနဲ့ လဲ တကယ် အဆင်ပြေပြေ နေနိူင် နေပြီပဲ။ ဒါဆိုငါကရော အရူးလို ပြန်လာမယ် အထင်နဲ့ စောင့်နေတဲ့ ငါကရော။ ကြည့်ရတာ ငါဆိုတဲ့ ေကာင်က သူ့ဘဝမှာ
ဘယ်နေရာမှ ဘောင်မဝင်ခဲ့ဘူးပဲ...
Rain မင်း ဘာကြောင့် အရမ်း ရက်စက်ရတာလဲ......
YOU ARE READING
အကြိမ်ကြိမ် ရင်ခုန်မိသော(my Bad Girl)
RomanceUn/Zg အချစ်ဆိုတာ တကယ်ရှိလား မရှိလားတော့ သေချာ မသိဘူး ကဗျာဆရာတွေ စာရေး ဆရာတွေက အချစ်ကို အမျိုးစုံ ဖွဲ့ဆိုကြတယ် ကိုယ့်အတွက် အချစ်ကတော့ ပူလောင်တယ် တစ်စုံတစ်ယောက်ကို ချစ်မိသွားရင် သူ့ကြောင့် ကိုယ်လဲ ပူလောင် ရတယ်....အဲ့ဒီ ထဲမှာမှ ဗီလိန်တစ်ယောက်ရဲ့ အချစ်ဆ...