အကြိမ်ကြိမ်ရင်ခုန်မိသော
အပိုင်း ၁၈
မဟုတ်မှ သူမ ပြောသလို သဝန်တိုနေမိတာလား၊ မဖြစ်နိုင်ဘူး၊ငါက ဘာလို့ သဝန်တိုရမှာလဲ၊ ငါ သဘောကျတဲ့ သူ ငါချစ်တဲ့သူက နွေဦးလေ၊ သူမကတော့ မဖြစ်မနေ မို့လက်ထပ်ရမှာ၊ ကလေးကြောင့် ဖြစ်နိုင်လား၊ ငါက အခု ကလေး ကြောင့်မို့ ဖြစ်နေတာလား၊ ဟုတ်တယ် ငါ အခုလိုဖြစ်နေတာ ကလေးကြောင့် ၊ သူမ နဲ့ မဆိုင်ဘူး၊ နှစ်ပေါင်း များစွာ တွဲလာတဲ့ ချစ်သူ အစား သူမကို သဘောကျတယ်ဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ ....
ဆက် တစ်ယောက်ထဲ ကားမောင်းရင်း စိတ်ထဲ မှ တွေးနေတာ ဖြစ်သည်။
"ရောက်ပြီ....
ဆက်က ပြောရင်းကားတံခါး ဖွင့်ပေးလိုက်သည်။
"ရောက်ပြီး မှ ဖေဖေ ကို နူတ်ဆက် မသွားတော့ဘူးလား...
"ကိုယ် သောက်ထားတယ် ကောင်းပါ့မလား...
"ရှင့်လို လူက ယဥွ်ကျေးတက်သေးလို့လား...
"မင်း.....
"နူတ်မဆက်ချင်လဲ သဘောပဲ...
ဝင်သွားတာနဲ့ ဘယ်သူ နဲ့ပြန်လာတာလဲ ဆိုတဲ့မေးခွန်း မေးခံရမှာ...."နူတ်ဆက် သွားလိုက်မယ်...မဟုတ်ရင် ယဥွ်ကျေးမူ မရှိဘူး....
Rain က နူတ်ခမ်း ကို တွန့်လိမ်သွားအောင် မဲ့ရွဲ့ပစ်လိုက်၏။
"အဲ့ဒီ ည ကလဲ မင်း ကိုယ်...ခုလိုပဲ အတင်း နမ်းခဲ့တာလား...ပြီးတော့...
"ဘာလဲ.....
"ဘာမှ မဟုတ်တော့ ဘူး.......
ဆက်က စကားကိုပြောနေရင်း ရပ်ပစ်လိုက်၏။
"ဘာလို့ ဆက်မပြောတော့တာလဲ...
"နမ်းတယ်လို့ ပြောလိုက်တဲ့အချိန်မှာ
မင်း မျက်နှာ အရမ်း ရဲသွားလို့....
ဘာလို့ အရမ်း ရှက်နေတာလဲ........
ကိုယ်တို့ အဲ့ထက် အဆင့်တွေတောင် ကျော်ပြီး သွားပြီပဲ...."ရှင်မင်းဆက်.....
"ဟားဟား... ok...ok...မစတော့ဘူး...မင်း အတော် စိတ်တို လွယ်တာပဲ....
"ရှင်က တနှာ ရူးလား....
"ဟားဟား.......
"ရယ်ပြီး သေနေဦးမယ်....
VOCÊ ESTÁ LENDO
အကြိမ်ကြိမ် ရင်ခုန်မိသော(my Bad Girl)
RomanceUn/Zg အချစ်ဆိုတာ တကယ်ရှိလား မရှိလားတော့ သေချာ မသိဘူး ကဗျာဆရာတွေ စာရေး ဆရာတွေက အချစ်ကို အမျိုးစုံ ဖွဲ့ဆိုကြတယ် ကိုယ့်အတွက် အချစ်ကတော့ ပူလောင်တယ် တစ်စုံတစ်ယောက်ကို ချစ်မိသွားရင် သူ့ကြောင့် ကိုယ်လဲ ပူလောင် ရတယ်....အဲ့ဒီ ထဲမှာမှ ဗီလိန်တစ်ယောက်ရဲ့ အချစ်ဆ...