အကြိမ်ကြိမ်ရင်ခုန်မိသော(my bad girl)
အပိုင်း ၃၄
"Rain ကိုယ်တောင်းပန်ပါတယ်... ကိုယ် တကယ် မသိခဲ့ဘူး.....မင်း နာကျင်ခဲ့ရတဲ့ နေ့
ရက်တွေ မင်းဘေးမှာ အဖော်ပြု မပေးနိုင်ခဲ့ဘူး.......Rain....ကိုယ် တကယ် စိတ်ပျက်ဖို့ ကောင်းတယ် မဟုတ်လား....မင်းတစ်ယောက်ထဲကိုပဲ အပစ်တင်နေခဲ့တယ်...မင်းကို ပဲ မှားတယ် ထင်နေခဲ့တယ်...ဒါပေမယ့် နောက်ဆုံး ကျတော့ မင်းလဲ နာကျင်ခဲ့ရတာပဲ....ကိုယ်တောင်းပန်ပါတယ်..... ကိုယ် မင်း ကို အဲ့လိုတွေ မလုပ်ခဲ့သင့်ဘူး...မပြောခဲ့သင့်ဘူး....ဆက် ရဲ့ ကားလေးက အိမ်သို့ ဦးတည်သွား၏။
အိမ်ရောက်သည်နှင့် အနည်းငယ်ရူပ်ပွ ချင်သလို ဖြစ်နေသည့် အိမ်ကို အသား မကျစွာ မြင်လိုက်ရသည်။ ထမင်းစား ခန်းကို ရောက်တော့လဲ စားသောက်လက်စ ပန်းကန်များ ၊
စားသောက် ဖို့ အသင့်ပြင်ပေးထါးပုံရသည့် စား စရာများ ကွဲရှနေသော ပန်ကန် အချို့၊
ရေနွေးဘူးဟာလဲ အဖုံး ပြန်ပိတ် မထားတာကြောင့် ရေအေးအဖြစ်သို့ ပြောင်းနေပြီ ဖြစ်သည်။ အိမ်မှာ ဘာတွေ ဖြစ်ကုန်တာလဲ။အပေါ်ထပ်သို့ ပြေးတက်လာခဲ့သည်။
အခန်းထဲ ဝင်လိုက်သည်နှင့် ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေသည့် ဆေးတွေက ဆီးကြိုနေ၏။"ဒီဆေးတွေ ဘယ်က ရောက်လာတာလဲ...
ဘာလို့ ဒီမှာ ရှိနေတာလဲ....ဆက် တွေးလိုက်ရင်း ဆေးဘူး ကို ကောက်ကြည့်လိုက်သည်။ အဂ်လိပ်လို ရေးသားထားတာတွေကို လိုက်ဖက်ကြည့်ပြီးနောက်....
"စိတ်ရောဂါသည် အချို့ သုံးရတဲ့ စိတ်ငြိမ်ဆေး တစ်မျိုးပဲ....ဒါတွေ ဘာလို့ Rain မှာ ရှိနေတာလဲ.......
ဆေးတွေကို လိုက်ကောက်ယူလိုက်ပြီး ဘူးထဲ ပြန်ထည့် လိုက်တော့သည်။ အခန်းထဲမှာလဲ ရူပ်ရှက် ခက်လျှက် ။ Rain က သူမအဝတ်တွေကို တစ်ထည်ပြီး တစ်ထည် ထုပ်လိုက် ဝတ်ကြည့်လိုက် လုပ်ထားပုံပင်၊ အပြင်မှာလဲ ပုံထပ်နေပြီး တိုးလို့ တန်းလန်း တွေ ကျနေတာ ရှိသေးသည်။.
Rain က အခုလို လူမျိုး မဟုတ်ပါဘူး...
သူမ အရမ်း အသန့် ကြိုက်တာ....
တစ်ခုခု သုံးပြီးရင်တောင် နေရာ တကျ ပြန်ထားတာပဲ ကြိုက်တာ...ဘာလို့ အခုလိုတွေ ဖြစ်ကုန်တာလဲ.......
VOUS LISEZ
အကြိမ်ကြိမ် ရင်ခုန်မိသော(my Bad Girl)
Roman d'amourUn/Zg အချစ်ဆိုတာ တကယ်ရှိလား မရှိလားတော့ သေချာ မသိဘူး ကဗျာဆရာတွေ စာရေး ဆရာတွေက အချစ်ကို အမျိုးစုံ ဖွဲ့ဆိုကြတယ် ကိုယ့်အတွက် အချစ်ကတော့ ပူလောင်တယ် တစ်စုံတစ်ယောက်ကို ချစ်မိသွားရင် သူ့ကြောင့် ကိုယ်လဲ ပူလောင် ရတယ်....အဲ့ဒီ ထဲမှာမှ ဗီလိန်တစ်ယောက်ရဲ့ အချစ်ဆ...