အကြိမ်ကြိမ်ရင်ခုန်မိသော

1.5K 58 0
                                    

အကြိမ်ကြိမ်ရင်ခုန်မိသော (my bad girl)

အပိုင်း ၂၆

"ဆရာဝန် ဖြစ်ပြီး မစာနာတက်လိုက်တာ...လူနာကို အော်ပဲအော်နေတယ်......

"မင်းကြောင့် စိတ်တို လွန်းလို့ အသက်တိုတော့မယ်....မင်း အဲ့ကောင်ကို အတော် သဘောကျတယ်ပေါ့.....

"ငါကလား...သူ့ကို သဘောကျတယ် ဘယ်သူပြောလဲ...ငါ က မရူံးချင်ရုံပဲ....

"ဘယ်တော့မှ ဝန်မခံဘူး...မင်းက...

"တကယ်ပြောတဲ့ဟာကို....

"မင်း ကို မင်း မသိသေးတာ...Rain သေချာစဥ်းစား ကြည့်ဖူးလား...မင်း ဆက် အပေါ်မှာ ဘယ်လို သဘောထားလဲ ဆိုတာ...

"ငါ မသိဘူး...ဘယ်လိုမှ သဘော မထားဘူး....

"ကိုယ် မင်း ကို နောင်တ မရစေချင်ဘူး.
မင်း နှလုံးသား ကို မင်း ပြန်မေးကြည့်ဖူးလား..........မင်း အခု လိုတွေ ဘာလို့ စွန့်စွန့်စားစား လုပ်ခဲ့လဲ ဆိုတာ....

"ငါပြောသားပဲ....နွေဦးကြောင့်လို့...
သူ့ကို နိုင်ချင်တာ...

"မဟုတ်ဘူး...အဲ့တာ အကြောင်း ပြချက်ပေးနေတာ.....မင်း သူ့ကို သဘောကျလို့ အခု လိုလုပ်ခဲ့တာ...

"ခ....နင် ဘာလို့ ခုထိ နားမလည်သေးတာလဲ.....

"နားမလည်တာ က ကိုယ် မဟုတ်ဘူး...မင်း ပဲ Rain....အနိုင်ရ ချင်လို့ မသိတဲ့ ယောကျားတစ်ယောက်ကို လက်ထပ်မယ်...မင်းကလား....အဲ့တာ မဖြစ်နိုင်ဘူး...ကိုယ် သိတဲ့ မင်း က အဲ့ထက် ဦးနှောက်ပြေးတယ်....

"ကြံရာ မရ လို့ ရသလို လုပ်လိုက်တာဟယ်....ရှင်းပြီလား.....နင်ပြောတာ မှန်တယ် ငါလဲ သူနဲ့ လက် မထပ်ချင်ခဲ့ဘူး.......သဘောလဲ မကျဘူး....

"မင်း ကိုယ်မင်း လိမ်နေတာ...

"ငါ မလိမ်ဘူး....

"လိမ်နေတာ....

"ခ.....ငါ နာနေတယ်...ခေါင်းလဲ မူးနေတယ်....သွေးတွေ​တောင် ထွက်တာ မရပ်သေးတဲ့ လူကို အခုလိုပဲ ထားတော့မလို့လား......

"အိမ်က မှန်ရှေ့ မှာ ကိုယ့်ကို ကိုယ် ကြည့် ပြီး ပြန်မေး လိုက်ဦး....Rain... ကိုယ် မင်း ကို ပျော်စေချင်တယ်.... မင်း သဘော ကျတဲ လူ ကို မင်း ဘေးမှာ ထားနိုင်ပြီး ပျော်နေတာကိုမြင်ချင်တာ....ကိုယ် မင်းကို ကိုယ့်လို မဆုံးရူံးစေချင်ဘူး.....အဲ့တာ ကြောင့် လေးလေး နက်နက် စဥွ်းစားကြည့်....

အကြိမ်ကြိမ် ရင်ခုန်မိသော(my Bad Girl)Nơi câu chuyện tồn tại. Hãy khám phá bây giờ