အကြိမ်ကြိမ်ရင်ခုန်မိသော
အပိုင်း ၁၉
"ဦးရာဇာ ကြွပါဗျာ....အခုမှ ပဲဆုံဖြစ်တော့တယ်....ကျန်းမာရေး သိပ်မကောင်းလို့ လူကိုယ်တိုင်မလာနိူင်ပဲ လာဖို့ ဖိတ်ရတဲ့ အတွက် ခွင့်လွတ်ပါဗျာ...
"ကိစ္စ မရှိပါဘူးဗျာ....သူ့လူ ကိုယ့်လူတွေပဲ...
"လာဗျာ...ထိုင်....သမီး...ကိုယ့် အိမ်လိုပဲ သဘောထား...အရင်ကလဲ ရောက်ဖူးတာပဲ မဟုတ်ဘူးလား...
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ရှင့်....
Rain တို့ ခဏထိုင်နေပြီး လူကြီးတွေကသာ စကားပြောနေတာမို့ ပျင်းပင်ပျင်းလာရသည်။
"မေမေ... မမ ကို ခဏခေါ်သွားလို့ရလား...
"ဒီကောင်မလေး လာရူပ်ပြန်ပြီ....
"မေမေ တို့ပဲပြောနေကြတာလေ...မမ ပျင်းတာပေါ့....လာ....ညီမလေး အခန်း သွားပြီး စကားပြောကြမယ်.....
"သွားပါစေ...ပျင်းနေမှာပေါ့.....
မင်းမင်း က Rain ကို ဆွဲပြီး အပေါ်တက်သွား၏။ ဆက်ကတော့ လူကြီးတွေနဲ့ ထိုင်ပြီး နေရစ်ခဲ့၏။
"လာ...မမ...ဝင်...ဒါက ညီမလေး အခန်း အရှေ့က ကိုကြီး အခန်း... ဘေးက မမ ရွယ်...ကိုကြီး ဘေးက အခန်းက အရင်က မကြီး နေတာ အခုတော့ အခန်းလွတ်ပေါ့ သူတို့က သူတိူ့အိမ်မှာ အခု နေကြတာလေ.....
"ညီမ အခန်းက မိုက်တာပဲ....
Rain က စက်တွေကိုကြည့်ပြီး ပြောလိုက်တာဖြစ်သည်။
"ဒါတွေ ရဖို့ လွယ်တယ် ထင်လို့လား....
ကျောင်းမှာ အဆင့်ကောင်းမှ ရထားတာတွေပါနော်...ကိုကြီးဆီက ငွေရဖို့ဆိုတာ တကယ့်မလွယ် ဘူး ကပ်စီးကုပ်....ရွယ်က အခန်းဝလေးမှ လာချောင်းကြည့်နေ၏။
"မမရွယ်...လာလေ.....
ရွယ်က ဝင် လာပြီး ....
"ဘာတွေ လုပ်နေကြတာလဲ.....
၃ယောက်အတူ ထိုင်ပြီး မိန်းကလေးတွေ ပီပီ ရေပတ်မဝင် စကားပြောနေကြပြီး ရွယ်ကတော့ ငုတ်တုပ်ထိုင်ပြီး ကြည့်နေတဲ့ ဘက်ကပေါ့။
"ဂစ်တာတွေ အများကြီး ပါလား....
"တစ်ခုက မကြီးရဲ့ ယောကျား မွေးနေ့လက်ဆောင် ဝယ်ပေးတါ....တစ်ခုက ကျတော့ သူငယ်ချင်း တွေ ဝယ်ပေးတါ...တစ်ခုက ကိုကြီး နိုင်ငံခြားကဝယ်လာတာ...ဒီဟာက အရမ်းမိုက်တာ သိလား မမ...စျေးကောင်း လို့လား မသိဘူး အသံထွက်ကလဲ တအားကောင်းတာ ပြမယ်....
VOCÊ ESTÁ LENDO
အကြိမ်ကြိမ် ရင်ခုန်မိသော(my Bad Girl)
RomanceUn/Zg အချစ်ဆိုတာ တကယ်ရှိလား မရှိလားတော့ သေချာ မသိဘူး ကဗျာဆရာတွေ စာရေး ဆရာတွေက အချစ်ကို အမျိုးစုံ ဖွဲ့ဆိုကြတယ် ကိုယ့်အတွက် အချစ်ကတော့ ပူလောင်တယ် တစ်စုံတစ်ယောက်ကို ချစ်မိသွားရင် သူ့ကြောင့် ကိုယ်လဲ ပူလောင် ရတယ်....အဲ့ဒီ ထဲမှာမှ ဗီလိန်တစ်ယောက်ရဲ့ အချစ်ဆ...