အကြိမ်ကြိမ်ရင်ခုန်မိသော

1.9K 70 0
                                    

အကြိမ်ကြိမ် ရင်ခုန်မိသော

အပိုင်း ၈

"နင် အဆင် ပြေရဲ့ လား...

"ငါ...ငါ....သန့်စင်ခန်း ခဏ သွားဦးမယ်....
နင်တို့ စားစရာတွေ မှာထားနှင့်....

Rain ကပြောလျှက် သန့်စင်ခန်းသို့လာခဲ့သည်။ သန့်စင်ခန်း ထဲ သို့ ဝင်လိုက်ပြီး တံခါး လော့ ချလိုက်သည်။

တုန်ရီနေတာ တွေ ကို ထိမ်းရင်း အိပ်ထဲမှ ဆေးဘူး ကို ထုပ်ယူလိုက်သည်။ဆေး တစ်လုံး ကို ထုပ်ယူလိုက်ပြီး အဆင့်သင့်ပါလာတဲ့ ရေဘူး သေးသေး လေး မှ ရေကို မော့ချ သောက်လိုက်သည်။ နောက်တော့ ဒေါင့် နေရာလေးမှာ ထိုင်ကျ သွားပြီး တုန်ရီနေတာတွေကို ထိမ်းချူပ်ဖို့အတွက် လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်သည်။ မျက်ဝန်းအိမ်မှာတော့ ဒေါသရောင်လွမ်းသွားလိုက် ဝမ်းနည်းပုံ ပြောင်းသွားလိုက်။ ငို တာ မဟုတ်ပဲ မျက်ရည်တွေက အလိုလို ကျလာခဲ့သည်။

နားထဲမှာ သမီးလို့ ခေါ်လိုက်သံတွေ...မေမေ လို့ ခေါ်လိုက် သံတွေက ပဲ့တင် ရိုက် လျှက်...

သူက အမေမရှိဘူး...သူ့ကို သူ့အမေက မလိုချင်လို့ ပစ်ထားခဲ့တာ....

လှောင်ပြောင်နေသည့် အသံတွေ ရယ်သံတွေ ရောထွေးလျှက်။

တကယ်ပဲ သူမပဲ.....ဟုတ်တယ်...
Rain သေချာ မှတ်မိနေတယ်....
စကားသံ .....ကျောပြင်......
မေမေတဲ့...... သမီးတဲ့.......
အဟတ်....တော်တော် ရယ်စရာကောင်းတဲ့ လူတွေ.........

မျက်လုံးမှိတ်ချ လိုက်သည့်တိုင် နွေဦး နဲ့ သူမ မြင်လိုက်တဲ့ အန်တီကြီး ရဲ့ အပြုံးတွေ အမူအရာတွေ စကားပြောသံတွေက ထပ်တလဲလဲ မြင်ယောင်နေသည်။

"ငါနဲ့ ဖေဖေက တော့ ဘဝကို ခက်ခက် ခဲခဲ ရှင်သန် ခဲ့ရတယ် ...သူမ လို လူက ကျတော့ ဘာလို့ လွယ်လွယ်လေး အဆင်ပြေနေတာလဲ....ဘာလို့ ရယ်မောနေနိုင် ရတာလဲ.....ဘာလို့ပျော်နေတာလဲ.....

လက်သီးစုပ်ကို ပိုမို တင်းကျပ်အောင် စုပ်ထားရင်း လက်သည်းတွေ အသားထဲ ထိုးဝင်လုနီးပါး။ လက်ရဲ့ နာကျင်မူ ထပ် အခြားနေရာက နာကျင်မူက ပိုသာနေခဲ့သည်။

"Rain...Rain.....နင် ဘာလို့ကြာနေတာလဲ....နင် အဆင်ပြေရဲ့လား.......

အပြင်က အသံကြောင့် မျက်ရည်စတွေ ဖိကပ် သုတ်ပစ်လိုက်ရင်း ထရပ်လိုက်သည်။

အကြိမ်ကြိမ် ရင်ခုန်မိသော(my Bad Girl)Donde viven las historias. Descúbrelo ahora