အကြိမ်ကြိမ်ရင်ခုန်မိသော

1.6K 58 0
                                    

အကြိမ်ကြိမ်ရင်ခုန်မိသော

အပိုင်း ၂၂

"ကျွန်မ သိပါတယ် ရှင် ကျွန်မ ကို မုန်းတယ် ဆိုတာ...ဒါပေမယ့် ကျွန်မ သမီးလေး ကို တွေ့ချင်ယုံလေးပါ...သူမ လိုချင်တာလေးတွေ တစ်စိတ် တစ်ပိုင်း ဖြည့်စည်းပေး ချင် လို့ပါ...ရှင် ခွင့်ပြုပေးပါလား....သမီးလေးက
အမေလို့ မခေါ် သလို မ မှတ်မိဘူးပဲ ပြောနေတာ....

"အဲ့ဒီ ကလေး ကို မင်း ကိုယ်တိုင် စွန့်ပစ်ခဲ့တာ.....မင်းဘဝရဲ့ တက်လမ်း ကို ပိတ်စေတဲ့ ကလေး လို့တောင်ပြောခဲ့သေးတာ...မ မှတ်မိဘူးဆိုရင် ငါ ပြန်ပြောပြပေးရမလား...
မမွေးဖို့ပဲ ဆုံးဖြတ်ခဲ့မှာ လို့ပြောခဲ့တာ မင်းလေ...အခုမှ သမီးတွေ အမေတွေ လာ လုပ်နေတာလား....... မင်း အထင် အခု ဖြစ်နိုင်ဦးမှာလား....အဲ့ကလေး ကို မင်းမလိုချင်ခဲ့လို့ ပစ်ခဲ့ပြီးမှ အခုပြန်လာပြီး သူ့ကို အမေ ပါပြောတော့ရော ယုံမယ်တဲ့လား....ငါ့သမီးကို ငါပြောပြီးသား.....သမီး အမေက သေ သွား ပြီလို့....မင်း ကိုယ်တိုင် အဲ့လို ပြောဖို့ သဘောတူခဲ့တာ.....ငါတို့ သေ တဲ့အထိ ထက်မတွေ့ ကြဖို့လဲ ကတိ​ ပေးခဲ့တယ်...မင်း ဘယ်တော့မှ ပြန်မလာဘူးလို့လဲ ပြောခဲ့....ခင်ခင်ထား...မင်း လုပ်ခဲ့တဲ့ အရာတွေ ကို မေ့သွားပြီ လို့တော့ မပြောနဲ့နော်.....မင်း မေ့ရင်တောင် ငါက မမေ့ သေးဘူး.....

ဦးရာဇာ က ပြောရင်း စားပွဲ အောက်ဆုံး က အံဆွဲ ကို ဆွဲဖွင့် လိုက်၏။

"ရော့ ပြန်ယူသွား မင်း ပေးခဲ့တဲ့ ငွေတွေ....
အဲ့ဒီနေ့ ညက မင်း ပေးခဲ့တဲ့ မင်း မှာ ရှိသမျှ ဆိုတဲ့ ငွေတွေပေါ့...ငါ ပြန်ပေးတယ်...ငါ့ ရှေ့ ထပ်ပေါ်မလာနဲ့.....

ဦးရာဇာ ရဲ့ စကားသံက အေးစက်မူ အပြည့်။
ခုံပေါ်မှာလဲ ဟောင်းနွမ်းနေပြီ ဖြစ်သည့် ဘဏ်စာအုပ်လေး။
ဒေါ်ခင်ခင်ထား မျက်ဝန်းအိမ်မှာ မျက်ရည် လည်နေပြီး....

"ကျွန်မ နောင်တရခဲ့တယ်...ရှင်ကြားလား ကျွန်မ ပြောတာကို...ကျွန်မ နောင်တရခဲ့တယ်လို့.....ကျွန်မ အိမ်ကနေ ထွက်သွားရင် ၊ တက်လမ်းအသစ်တွေ ရှာနိုင်ရင်၊ ဘဝသစ်တစ်ခု စတင်နိုင်ရင် ပျော်လိမ့်မယ်လို့ ထင်ခဲ့တာ၊ ဒါပေမယ့် နည်းနည်း လေးတောင် မပျော်ခဲ့ဘူး...ကျွန်မ သမီးလေးကို အရမ်းလွမ်းတယ် တွေ့ချင်တယ်....တွေ့ချင်လို့ သွားပြန်ရှာခဲ့ပေမယ့် ရှင်တို့ အဲ့ဒီနေရာ မှာ မရှိတော့ဘူး....

အကြိမ်ကြိမ် ရင်ခုန်မိသော(my Bad Girl)Donde viven las historias. Descúbrelo ahora