အကြိမ်ကြိမ်ရင်ခုန်မိသော (my bad girl)
အပိုင်း ၃၀
"ခြိမ်းခြောက်တာ မဟုတ်ဘူး...Rain အကြောင်း အမ အသိဆုံး ပါ...လုပ်ရင် ဘယ်လောက်ထိ ထိရောက်အောင် လုပ်တက်လဲ ဆိုတာကိုပေါ့....
"ငါ နင့်ကို ကြောက်မယ်များ ထင်နေလား....
နင့်အကြောင်း ကို ဆက်ကို သွားပြော ပြစ်မယ်.....ဗိုက်မကြီးပဲ ဗိုက်ကြီးတယ်လို့ ပြောတာတွေရော ကလေး ပြတ်ကျတယ်ဆိုပြီး ညာတာတွေရော အကုန် ငါသွားပြောပြမယ်...."ပြောလေ...ပြောလိုက်.....ရှင်မင်းဆက် က အမပြောတာ ယုံမလား...ဒါမှ မဟုတ် Rain က အမ အခု လုပ်ခဲ့တာတွေ ကို video မှတ်တမ်း နဲ့ အတူ ချပြတာကို ယုံမလား ဆိုတာ ကြည့်ကြသေးတာပေါ့....
"မိုးအေးအေး........
"အမကို တစ်ခု ပြောလိုက်မယ်...
Rain က ဘယ်သူကိုမှ စပြီး ရန်မစဘူး...
ရန်လာစရင် လဲ ငြိမ်ခံတက်တဲ့ အထဲ မပါဘူး...အမ သိထားလိုက်....."နင် ဆက်ကို လိမ်ထားတာ ဆက် က အမှန်တရားတွေ
သိ သွားရင် နင့်ကို လိုချင်ဦးမယ် ထင်နေလား......"သူ လိုချင်တယ် မလိုချင်ဘူး အမပြောတာနဲ့ မလုံလောက်ဘူး.....ပြီးတော့ ညီမ မရှိရင်တောင် အမ က ဆက်ရဲ့ လက်တွဲ ဖော် မဖြစ်နိုင်ဘူး...ညီမ က အမတို့ ၂ယောက်ကြား ဝင်မလာခဲ့ရင်တောင် အမတို့ ဘယ်တော့မှ လက်ထပ်ဖြစ်ကြမှာ မဟုတ်ဘူး...
"နင်သာ မရူပ်ရင် ငါတို့ အခုဆို လက်ထပ်ပြီးလောက်ပြီ....
"မဟုတ်ဘူး... အမ နဲ့ ဆက်က အခုရော အရင်ကရော လက်ထပ်ဖို့ အထိ မလိုက်ဖက်ကြဘူး....အခု ညီမ ဆက်ဘေး မှာ မရှိတော့ ရင်တောင် အမ က ဘာမှ ဖြစ်မလာဘူး.....
"မိုးအေးအေး...
"အမ ကို ဆက်က အရင်ကလဲ မချစ်ခဲ့ဘူး...
အခုဆို ပိုဆိုးသေး...ဆက် အခု ချစ်တာ Rain ကို... အမ က Rain ကို အခု လို လုပ်တာ သိရင် အမကိုသေချာပေါက် မုန်းသွားမှာ..... အချစ်တောင် မရှိတာ ထပ် အမုန်းခံဦး မလို့လား...အဟတ်.....ရော့ ဒါတွေ ပြန်ယူလိုက်....နောက်တစ်ခါ Rain ကို တစ်ခုခု လုပ်ချင်ရင် ကိုယ်တိုင်လာ....ဆင်းရဲသားတွေက အမရဲ့ အစေခံတွေ မဟုတ်ဘူး....
KAMU SEDANG MEMBACA
အကြိမ်ကြိမ် ရင်ခုန်မိသော(my Bad Girl)
RomansaUn/Zg အချစ်ဆိုတာ တကယ်ရှိလား မရှိလားတော့ သေချာ မသိဘူး ကဗျာဆရာတွေ စာရေး ဆရာတွေက အချစ်ကို အမျိုးစုံ ဖွဲ့ဆိုကြတယ် ကိုယ့်အတွက် အချစ်ကတော့ ပူလောင်တယ် တစ်စုံတစ်ယောက်ကို ချစ်မိသွားရင် သူ့ကြောင့် ကိုယ်လဲ ပူလောင် ရတယ်....အဲ့ဒီ ထဲမှာမှ ဗီလိန်တစ်ယောက်ရဲ့ အချစ်ဆ...