အကြိမ်ကြိမ်ရင်ခုန်မိသော
အပိုင်း ၁၅
"စရိုက်ဆိုးလား...Rain ဘာမှလဲ မလုပ်မိပါဘူး........
"အမေ မရှိပဲ ကြီး လာမှန်း သိသာလိုက်တာ......နင့်အမေက တစ်ခုမှ မသင်ပေး ဖူးဘူး ထင်တယ် သူများ ပစ္စည်း ကို အလိုမတူပဲ ယူတာက ခိုးတာပဲ ဆိုတာ.....နင် အခု ငါပိုင်တာ ကို ခိုးတာပဲ သူခိုးပဲ........စနိူက်ကျော်မ.....
Rain ဒေါသတွေကို ထိမ်းဖို့ ဂါဝန် ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။
ညစ်ကျယ်ကျယ် ပြုံးလိုက်ပြီ...."အမကရော ဘာထူးလဲ.....ညီမ ရဲ့ပျော်ရွင်မူတွေကို လုယူခဲ့ တုန်းကခိုးယူခဲ့တုန်းက
ယူခွင့်ပြုပါလို့ တောင်းဆိုဖူးလို့လား.....အသုံးလိုသေးလားလို့ မေးခဲ့ဖူးလို့လား....."ငါ နင့်ဆီက ဘာယူခဲ့လို့လဲ...ပြောလေ ဘာယူခဲ့လို့လဲလို့....
"စဥ်းစားကြည့်လေ ဘာယူခဲ့လဲ ဆိုတာ.....
"အရူးမ....ငါ နင့် ဆီက ဘာတစ်ခုမှ မယူခဲ့ဖူးဘူး ဘာတွေ လာ စွပ်စွဲနေတာလဲ....ပြော နင် ငါ့ဆီက ဘာလို့ ချင်တာလဲ....ဘာလိုချင်တာလဲလို့.....
"အမ ပိုင်ဆိုင်သမျှ အရာအားလုံး....
"ဘာ...?....
"ကြားတဲ့ အတိုင်းပဲ အဲ့ဒီထဲမှာ ရှင်မင်းဆက် လဲ ပါတယ်....
"နင်.....
"မပေးနိုင်ဘူး မဟုတ်လား...ဒါဆိုရင် တော့ စိတ်မကောင်းပါဘူး...မိုးအေးအေးက လိုချင်တာဆို မရ ရအောင် ယူတက်တာ...ဘယ်လောက်ပဲ တန်ဖိုးကြီး ပါစေ....
"မိုးအေးအေး.....
"စိတ်မဆိုးပါနဲ့ ကျန်တာတွေ မယူတော့ဘူး
ရှင်မင်းဆက် ကိုပဲ ယူတော့မယ်....
အာ ပြောဦးမယ် အမနဲ့ ရှင်းမင်းဆက် က လုံးဝ မလိုက်ဘူး သိလား....
ဘာလို့လဲ ဆိုတော့ သူက စိတ်ရင်း အရမ်းကောင်းတယ် အမလို စိတ်ပုတ် မဟုတ်ဘူး....နောက်တစ်ခု....ဆက်ရဲ့ အိမ်မက်က ဘာလဲ အမ သေချာ သိလို့လား...သိရင်တောင် ကူညီနိုင်မှာမို့လို့လား....ညီမက အမနဲ့မတူဘူး သူ ဖြစ်ချင်တာကို ကူညီပေးနိုင်တယ်...ဆက်ရဲ့ အိမ်မက်က သူ့ ဟော်တယ်တွေကို တကယ့် အဆင့်မြင့် အထက်တန်းစား
တစ်ခုထဲသော အကောင်းဆုံး ဟော်တယ်တွေ အဖြစ် သက်မှတ်ခံရ ချင်တာ...သူလဲ ကြိုးစားနေတယ်...Rain က လဲ သူ့ကို ကူပေးနိုင်တယ်...အမ ပြောကြည့်လေ... အမတို့တွဲလာတာ ကြာပြီ ဆက် ရဲ့ တကယ့်အိမ်မက်က ဘာလဲ တွေးကြည့်ဖူးလား...သူက Rain လိုပဲ ခရီးတွေ သွားရတာလဲ ကြိုက်တယ်... ကြားတာတော့ အမက သူခေါ်တိုင်း တစ်ခါမှ မလိုက်ခဲ့ဖူးတဲ့....ပင်ပန်းတယ် ဆိုပြီး နေခဲ့တယ်တဲ့... စဥ်းစားကြည့်လေ ဘယ်လိုယောကျားလေးက အမကို ကြာရှည်တွဲချင်ပါ့မလဲ...ကိုယ် ဖြစ်ချင်တာကိုပဲ ဦးစားပေးတဲ့ သူမျိုး...Rain က အမနဲ့ မတူ ဘူး....သူက ဒါဆို ဒါ သူ့သဘောကျ အားလုံး လုပ်ပေးမှာ.....
ESTÁS LEYENDO
အကြိမ်ကြိမ် ရင်ခုန်မိသော(my Bad Girl)
RomanceUn/Zg အချစ်ဆိုတာ တကယ်ရှိလား မရှိလားတော့ သေချာ မသိဘူး ကဗျာဆရာတွေ စာရေး ဆရာတွေက အချစ်ကို အမျိုးစုံ ဖွဲ့ဆိုကြတယ် ကိုယ့်အတွက် အချစ်ကတော့ ပူလောင်တယ် တစ်စုံတစ်ယောက်ကို ချစ်မိသွားရင် သူ့ကြောင့် ကိုယ်လဲ ပူလောင် ရတယ်....အဲ့ဒီ ထဲမှာမှ ဗီလိန်တစ်ယောက်ရဲ့ အချစ်ဆ...