အကြိမ်ကြိမ်ရင်ခုန်မိသော

2K 79 0
                                    

အကြိမ်ကြိမ်ရင်ခုန်မိသော

အပိုင်း ၅

"ဘာရမှာလဲဟ....အမှတ်မထင်ဆုံလို့ နူတ်ဆက်တာလေ.....ငါတို့ သိတာ မကြာသေးဘူး.....

"အဲ့ဒီ ချစ်စရာ ကောင်မလေးကို မင်း ဘယ်က သွားရှာ ထားတာလဲ....

"ငါပြော ဖူးတယ်လေ....ဟော်တယ်မှာ အစားမှားပြီး သတိလစ်သွားတဲ့ တစ်ယောက် ဆိုတာ.....

"သူမ လား....

"အင်း.....

"ဝါး....တကယ့် ချစ်စရာလေး ပဲ......

"ကူသယ်ဦး....

"အေးပါဟ.....မိတ်ဆက်ပေးဦးနော်....

"အင်း....

"နာမည်က ဘာတဲ့ လဲ.....

"မိုးအေးအေး တဲ့...... Rain လို့ပဲ ခေါ်ကြတာ......

"နာမည်လေးက ဘယ်လိုလေးလဲ....

"ဂရုစိုက်သယ်လာခဲ့........မှောက်မယ်...

"Yes...sir....

ခ... က ခုံမှာ ဝင်ထိုင်လိုက်ပြီး ဘီယာ ခွက်တွေကို Rain တို့ဘက် တွန်းပို့ပေးလိုက်သည်။

"ချီးယားစ်....

"ချီးယားစ်.................

၇ယောက်အတူ ခွက်ချင်း တိုက်လိုက်ပြီး အနည်းငယ်စီ မော့သောက်လိုက်ကြသည်။

"မင်း တို့ သောက်နိုင် လိမ့်မယ် လို့မထင်ထားဘူး....

ခ...က စကား စလိုက်သည်။ Rain ကပြုံးလိုက်ပြီး...

"အလုပ်ကြောင့် သောက်တက်သွားတာပြောရမှာပေါ့....နေရာစုံသွားရတယ် တစ်ချို့ အရမ်းအေးတဲ့ နေရာရောက်ရင် ဖေဖေ က ဝိုင် သောက်တက်အောင် သင်ပေးပြီး သောက်ခိုင်းခဲ့တာ.....နောက်တော့ ခရီးသွားတွေနဲ့ ဆက်ဆံရင်း မိတ်ဖြစ်ဆွေဖြစ် သောက်ရတာတွေ ရှိတော့ အကျင့်ဖြစ်သွားတာ....

"ဒါပေါ့ ဘယ်အရာ မဆို တက်ထားရင် အသုံးဝင်တာပါပဲလေ....သြော်..... မိတ်ဆက်ပေးဖို့ မေ့နေတာ....ဒါက ကိုယ့် သူငယ်ချင်း တွေ
......သူက နေလင်း..... မိုင်း....အလင်းရောင်....

"ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ် ခင်ဗျ....

"တွေ့ရတာ ဝမ်းသာပါတယ်ရှင့်...Rain ပါ...
သူတို့က Rain ရဲ့ သူငယ်ချင်း တွေ...ယုဝါ...နောက်တစ်ယောက်က နှောင်း.....

အကြိမ်ကြိမ် ရင်ခုန်မိသော(my Bad Girl)Onde histórias criam vida. Descubra agora