အကြိမ်ကြိမ်ရင်ခုန်မိသော(my bad girl)
အပိုင်း ၂၇
"ငါတို့ ဘက်က ဒီထက် ကောင်းတဲ့ အခွင့်အရေး ရှာသင့်တယ် မထင်ဘူးလား....
"ငါ မစောင့် နိုင်တော့ဘူး...ဆက်ကို အရင် သွားတွေ့ရမယ်.......
နွေဦးက စကား အတိုင်း ဆက် ကိုသွားတွေ့၏။
"နွေ...မင်း ဘာလို့ ထပ်ရောက်လာတာလဲ....
"ဆက် ....မိုးအေးအေး.... ကိုယ်ဝန် မရှိတော့ဘူးဆို.....
"ဟုတ်တယ်...အက်စီးဒန့် တစ်ခု ဖြစ်လို့....
"ဘယ်လို လုပ်ပြီး ခုလို ဖြစ်ရတာလဲ...ကြည့်ရတာ...အစထဲက မိုးအေးအေး က ရှင့် ကလေးကို မလိုချင်တဲ့ပုံပဲ.....ဒါကြောင့် တမင် ပြတ်ကျစေခဲ့တာနေမယ်....
"နွေ.....
"ထားလိုက်ပါတော့ ရှင်နဲ့ မငြ င်းတော့ဘူး....
ကိုယ်ဝန် ပျက်ကျသွားတာ နွေ တို့အတွက် ကောင်းတာပေါ့...."နွေ တို့အတွက်....
"ဆက် နဲ့ နွေ နဲ့လေ....
ဆက်....အခု ရှင့်ကလေး လဲ မရှိတော့ဘူး...သူကို ဆက်ပေါင်းဖို့ မလိုတော့ဘူး...ကွာရှင်းလိုက်..."ဘာ....?
"ရှင်ဘာလို့ အရမ်း အံသြ သွား ရတာလဲ....
"မဟုတ်ဘူး နွေ.....မင်း ဘယ်လိုတွေ ပြောနေတာလဲ.. .
"ရှင်ပြောခဲ့တယ်လေ...ကိုယ်ဝန်ကြောင့် လက်ထပ်ခဲ့ရတာ လို့... အခု ကိုယ်ဝန်လဲ မရှိတော့ဘူး ရှင်တာဝန်ယူဖို့ လဲ မလိုတော့ဘူး....
ရှင် သူမကို ကွာရှင်း လိုက် ပြီးရင် နွေ တို့ လင်ထပ်ကြမယ်...."ကိုယ် မလုပ်နိုင်ဘူး....
"ဟင်....
"Rain မှာ ကိုယ်ဝန် ရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ သူမကို ကွာရှင်း မှာ မဟုတ်ဘူး....
"ဆက်. ..
"နွေ...မင်းကို ရပ်ဖို့ပြောခဲ့တယ်လေ....
ကိုယ့်ကို ခက်ခဲအောင် မလုပ်ပါနဲ့..
ကိုယ်အခု Rain နဲ့ လက်ထပ်ထားတာက ငယ်ငယ်က ကစား သလို အပျော် အပျက် မဟုတ်ဘူး...လူသိရှင်ကြား လက်ထပ်ထားတာ...ကလေး မရှိတော့တာ နဲ့ ကွာရှင်း လိုက်ရမယ်...မင်း ဘယ်လို ပြောထွက်ရတာလဲ...
သူမကို လူတွေက ဘာပြောကြမလဲ ကိုယ့်ကိုရော ဘာပြောကြမလဲ....
နွေ....ရပ်လိုက်ပါတော့ ကိုယ် တကယ်တောင်းပန်နေတာပါ...မင်း လမ်း အသစ်လျောက်ဖို့ လိုတယ်...လမ်းဟောင်းကို ခဏခဏ ပြန်လှည့်နေလဲ ပန်းတိုင် မရောက်နိုင်ဘူး....
ESTÁS LEYENDO
အကြိမ်ကြိမ် ရင်ခုန်မိသော(my Bad Girl)
RomanceUn/Zg အချစ်ဆိုတာ တကယ်ရှိလား မရှိလားတော့ သေချာ မသိဘူး ကဗျာဆရာတွေ စာရေး ဆရာတွေက အချစ်ကို အမျိုးစုံ ဖွဲ့ဆိုကြတယ် ကိုယ့်အတွက် အချစ်ကတော့ ပူလောင်တယ် တစ်စုံတစ်ယောက်ကို ချစ်မိသွားရင် သူ့ကြောင့် ကိုယ်လဲ ပူလောင် ရတယ်....အဲ့ဒီ ထဲမှာမှ ဗီလိန်တစ်ယောက်ရဲ့ အချစ်ဆ...