အကြိမ်ကြိမ်ရင်ခုန်မိသော

2K 69 4
                                    

အကြိမ်ကြိမ်ရင်ခုန်မိသော(my bad girl)

အပိုင်း ၃၅

"မင်း က ဘာမှ မလုပ်ခဲ့ဘူးလား.....ဘာမှ မလုပ်ခဲ့ ဘူးတဲ့လား......ဘာမှ မလုပ်ခဲ့ ဖူးလို့ ပြောထွက်သေးတာလား...
ငါ့ သမီးက မင်း ကြောင့် ငယ်ငယ် ထဲက စိတ်ဒဏ်ရာ ရခဲ့တာ...မင်းပြောခဲ့တဲ့ စကားတွေကြောင့် မင်း လို လူမဆန်တဲ့ မိခင် ထားသွားခဲ့လို့ ဘေးက လူတွေ လှောင်ပြောင်တဲ့ အသံတွေ ကြောင့် အခု လိုဖြစ်သွားတာ...ငါ့ကို ဆင်းရဲ လို့ ထားသွားတာ ငါက ကိစ္စ မရှိဘူး ဒါပေမယ့် သမီး အတွက် တွေးပေးဖို့ မင်း ကို တောင်းဆို ခဲ့ဖူးတယ်...မင်း ကတော့ လက်မခံ ခဲ့တဲ့ အပြင် ဆိုးရွားတဲ့ စကားတွေ ပြောခဲ့တယ်....ငါလဲ မမေ့ သေးသလို ငါ့သမီး ကလဲ မေ့ လို့မရတဲ့ အတိတ် လို သူမ တစ်ဘဝ လုံး စိုးမိုး နေခဲ့တာ....အဲ့လို ဖြစ်နေတာ အားမရလို့ နောက်တစ်ကြိမ် ထပ်ပြီး စိတ်ဒဏ်ရာ ပေးဖို့ ထပ်ရောက်လာကြတာလား....

"အခုလို ဖြစ်သွားမယ်လို့ ကျွန်မ မထင်ခဲ့ဘူး.....

"မင်းကတော့ ထွက်သွားပြီ ပျော်နေချိန် အဲ့ကလေး ဘာဖြစ်နေခဲ့လဲ မင်းသိလား...
အခန်းထဲက အခန်းပြင် မထွက်တော့ဘူး...
ငိုလဲ မငိုဘူး ရယ်လဲ မရယ်တော့ဘူး...
ဒေါင့်မှာ တစ်ယောက်ထဲ ထိုင်ပြီး ဘာမှ လဲ မလုပ်ဘူး...အဲ့ဒီ အချိန်တုန်းက ငါဘယ်လောက် ထိပ်လန့်ခဲ့ရလဲ မင်းသိလား...ငါ သူမကို ဆုံးရူံး လိုက်ရတော့မယ်ဆိုတဲ့ အတွေး က ငါ့ကို ရူးသွက်စေတယ်...အဲ့တာကြောင့် အရာအားလုံးရဲ့ အဝေးကို ထွက်​ပြေးခဲ့တယ်...နေရာအသစ်မှာ ဘဝသစ် သူမအတွက် စပေးခဲ့တယ် ကံကောင်းစွာပဲ သူမ တကယ် ပြန်ပြီး စတင်နိုင်ခဲ့တယ်...အရင်ကထက် သန်မာတဲ့ ကလေးတစ်ယောက် အဖြစ်.....လွယ်တော့ မလွယ်ကူခဲ့ဘူး အခုလို အခြေ အနေ ဖြစ်လာဖို့.... ငါတို့မှာ ငွေတွေ အများကြီး မရှိဘူး...ဒါပေမယ့် ပျော်ခဲ့တယ်.... ငါ အပျော်ဆုံး အချိန်တွေက သူမရဲ့ အပြုံးတွေကို မြင်ရတဲ့ အချိန်တွေပဲ....သူမ ငါ့လိုပဲ ခရီးသွားရတာ သဘောကျတယ်....ငါ သူမ လက်ကို ဆွဲပြီး သွားခဲ့တဲ့နေရာတိုင်းက အရင်က ထက် ပိုလှခဲ့တယ်...သူမရဲ့ အပြုံးတွေက ညဘက်မြင်ရတဲ့ ကြယ်ပွင့်လေးတွေ လိုပဲ တစ်လက်လက်နဲ့....ငါ အဲ့ဒီ အပြုံးတွေ ပြန်မြင်ရဖို့ ဘယ်လောက်ထိ ခက်ခဲ ခဲ့လဲ မင်းသိလား.....သူမ အခုလိုပြန်ပြုံးနိုင်ဖို​ြ ငါ ဘယ်လောက်ထိ ဆုတောင်းခဲ့ရလဲ မင်းသိနိုင်လား....အခု သူမ ပြုံးနေပြီ....မင်း မရှိပဲ သူမ ပျော်နေပြီ...နေသား ကျနေပြီ....အဲ့လို နေသား ကျနေမှ မင်းက ဘာလို့ နောက်တစ်ကြိမ်
သူမ ရှေ့မှာ ပေါ်လာတာလဲ....ဘာလို့လဲ....ဘာအတွက်လဲ....အခြေအနေတွေ ငြိမ်နေခဲ့ပြီးပြီ.....ငါတို့ ဘဝနဲ့ ငါတို့ ပျော်နေပြီ.....မင်းသာ မပေါ်လာခဲ့ရင် သူမ ဘဝသက်ဆုံးထိ ပျော်စရာတွေ နေ့တိုင်း ရနေမှာ......အခု မင်းက ဗြုန်းစားကြီး သူမရှေ့ ပြန်ပေါ်လာတယ်....မင်း ဘယ်လို မိန်းမလဲ....ဘယ်လို လူမျိုးလဲ....... ဘာလို့ သူမ ဘဝ ကို နောက်တစ်ကြိမ် ဖျတ်စီးလိုက်ရတာလဲ.......

အကြိမ်ကြိမ် ရင်ခုန်မိသော(my Bad Girl)Onde histórias criam vida. Descubra agora