အကြိမ်ကြိမ်ရင်ခုန်မိသော(my bad girl)
အပိုင်း ၃၂
"အဲ့ဒီ တုန်းက ငါရဲ့ ချစ်သူက နွေဦးလေ...မင်းလဲ သိတယ် ငါ က နွေဦး ကို မတမ်းတပဲ မင်းကို တမ်းတစေချင်တာလား...ဖြစ်နိုင်ပါ့မလား...
"အဲ့ဒီညက ရှင့်ကြောင့် မေ့ပစ်ထားတဲ့ အတိတ်က အကြောင်းတွေ ပြန်သတိရစေခဲ့တယ်....
ဘယ်သူမှ အလိုမရှိတဲ့ သူ....ဘယ်သူမှ မချစ်တဲ့ လူ.....အသုံးမဝင်တဲ့ လူ လို ခံစားရအောင် ရှင်လုပ်ခဲ့တယ်.....အဲ့ဒီလို လူ မဖြစ်ချင်ဘူး...ရှင် ဥပေက္ခာပြု ခဲ့ ဖူး
တဲ့ သူကိုမှ ချစ်မိသွားတဲ့လူ ဖြစ်စေချင်တယ်... ဒါကြောင့် ရှင်ချစ်လာဖို့ လုပ်ခဲ့တာ....ရှင်တစ်သက်လုံး ကျွန်မ တစ်ယောက်ထဲကိုပဲ စိတ်ထဲ စွဲနေအောင်.... အဲ့ဒီညက ရှင် ကျွန်မ ကို အခြားသူ နာမည်ခေါ်ခဲ့သလိုမျိုးပေါ့...ရှင်အခြားမိန်းမတစ်ယောက် နဲ့ အိပ်နေရင်တောင် ရှင်ခေါ်နေမိတာ ကျွန်မ နာမည်ပဲ ဖြစ်စေချင်လို့......."ဘာ.......မင်း ရူးနေလား... ခုလို အလုပ်မျိုး ရူးနေတဲ့ လူတွေပဲ လုပ်မှာ.....
"ဟုတ်တယ် ကျွန်မ ရူးနေတာ အဲ့တော့ ဘာဖြစ်လဲ....ရှင်က အရူး မရဲ့ ယောကျား... ရှင်လဲ အရူးပဲ....
၂ယောက်လုံး ရဲ့ အသံတွေက ကျယ်လွန်းတာကြောင့် တိုက်တစ်ခုလုံး ပင် ပဲ့တင်ထပ်သံတွေ ကြားနေရသည်။
"အဲ့ဒီတော့ မင်းပြောချင်တာက ငါ့ကို အသုံးချ ချင်ရုံပဲပေါ့....
"ဟုတ်တယ် လေ....ရှင်က ဘာတွေ တွေးနေတာလဲ မဟုတ်မှ ရှင့်ကို တကယ် သဘောကျမယ် ထင်နေလား......
ဆက်... တောင်းပန်ပါတယ် ကျွန်မ အခု ဘာပြောပြောရှင် မယုံတော့ဘူး မဟုတ်လား...ကျွန်မ အခုလိုတွေ ပြောမှ ရှင်ယုံမှာ မဟုတ်လား....ကျွန်မ ရှင့်ကို သဘော ကျလို့လုပ်ခဲ့တာလို့ပြောရင် လိမ်နေတာလို့ ရှင် ထင်ဦးမှာ မဟုတ်လား....
ကျွန်မကို မကောင်းတဲ့လူ လို့ပဲ ထင်နေတာ မဟုတ်လား...အဲ့လို ထင်နေမှ ပဲ ရှေ့ဆက်တိုးယုံပေါ့....အရင်ထဲက မကောင်းတဲ့သူပဲ...အခု တစ်ကြိမ် ထက်ပြီး မကောင်းတာ လုပ် ရ ရင်တောင် ဘာမှ ထူး မသွားဘူး။ အရေးကြီး တာ ရှင် ကျွန်မဘေးမှာ ရှိနေဖို့...မုန်းနေတယ်ဆိုရင်တောင် ရှင်ထွက်မသွားရဘူး။ ဘေးမှာပဲ ရှိနေရမယ်။ ရှင်က ကျွန်မ အပိုင်ပဲ ဖြစ်ရမယ်။
VOCÊ ESTÁ LENDO
အကြိမ်ကြိမ် ရင်ခုန်မိသော(my Bad Girl)
RomanceUn/Zg အချစ်ဆိုတာ တကယ်ရှိလား မရှိလားတော့ သေချာ မသိဘူး ကဗျာဆရာတွေ စာရေး ဆရာတွေက အချစ်ကို အမျိုးစုံ ဖွဲ့ဆိုကြတယ် ကိုယ့်အတွက် အချစ်ကတော့ ပူလောင်တယ် တစ်စုံတစ်ယောက်ကို ချစ်မိသွားရင် သူ့ကြောင့် ကိုယ်လဲ ပူလောင် ရတယ်....အဲ့ဒီ ထဲမှာမှ ဗီလိန်တစ်ယောက်ရဲ့ အချစ်ဆ...