အကြိမ်ကြိမ်ရင်ခုန်မိသော(my bad girl)
အပိုင်း ၂၄
"တကယ်ပါဆို..တော်တော်ကို လှတာ....
မရေ...အိမ်မက်လေးထဲ လာလည်မယ်နော်...."လာခဲ့.....
နှောင်းက Rain ရဲ့ အကျီ ဂုတ် ကနေ ဆွဲပြီး အတန်းဘက် ပြန်ဆွဲခေါ်သွားတော့၏
ပထမ နှစ်ကျောင်းသူတွေ ပီပီ ပထမဆုံး တက္ကသိုလ် လာတဲ့နေ့ဟာ မြောက်ကြွ မြောက်ကြွ ဖြစ်ပြီး တက်ကြွ နေကြ၏။ နေရာတိုင်းက လှနေသလို ထင်ရ သလို အရာရာတိုင်းကိုလဲ စိတ်ဝင်စားနေကြ၏။ ရက် လ အနည်းငယ် ကြာ သွားပြီ ဆိုရင်တော့ ဒီလောက် စိတ်ဝင်တစား ဖြစ်မနေကြတော့ပေ။
"ငါ့ကို လဲ ကြွေးပါဦး.....
"မှီရင်ကြွေးမယ်.....
Rain တို့ အတန်း ထဲခင်လာသည့် ကောင်မလေး တစ်ယောက်နဲ့ ကောင်လေး ၂ယောက်က ပါ Rain တို့နဲ့ တစ်ဖွဲ့ ဖြစ်လာပြီး အချိန်တိုင်း ပျော်ရွင်စွာ ကျောင်းသူ ဘဝ ကို ဖြတ်သန်းနေခဲ့ကြသည်။
Rain က အရှေ့က မုန့်ထုပ်တွေ အကုန် သိမ်း ယူပြီး ထွက်ပြေးတော့ အနောက်က ၅ယောက်ကလဲ ပြေးလိုက်လာခဲ့သည်။ ရယ် လိုက် ပြေးလိုက်နှင့် အမှတ် မထင်ပဲ Rain လူ တစ်ယောက် ကို တက် တိုက်မိသွားတော့သည်။"အင့်.......
"ဟာ......မတော်လို့ပါ...တောင်းပန်ပါတယ်...တောင်းပန်ပါတယ်....
Rain က တောင်းပန်နေရင်း တိုက်မိသည့် လူကို ကြည့် လိုက်၏။ ဟာ မမနွေဦးပဲ။ ဒါက သူမနဲ့ ခင်မင်ခွင့် ရဖို့ အခွင့် အရေးပဲ။ အတွေး နဲ့ အတူ သွားစွယ်လေးတွေပါ ပေါ်သည် အထိ ရယ်လိုက်ပြီး
Rain က လက်ထဲက ကိုင်ထားသည့် မုန့်ထုပ်တွေ ကို အောက်ချ လိုက်ပြီး လဲကျ သွားသည့် နွေဦး ကို ပြေး ထူလိုက်သည်။"မမ.....အဆင်ပြေရဲ့လား...Rain တောင်းပန် ပါတယ်ရှင့် မမြင်လိုက်လို့ပါ....လာပါ ထ....ညီမလေး ထူပေးမယ်နော်....
"ဖယ်စမ်း ငါ့ကို မထိနဲ့....
ကိုင်လိုက်သည့် Rain ရဲ့ လက်ကို စောင့်တွန်း ခံလိုက်ရတော့ Rain နောက်သို့ ပြန်ပြီး လဲကျသွားတော့၏။
"Rain...
"အ.......
နွေဦး က လဲကျနေရာ မှ ထလိုက်ပြီး Rain ကိုင်လိုက်သည့် နေရာ ကို မတူ မတန်သလို ပုံစံဖြင့် ပုတ်ထုပ်နေ၏။
ESTÁS LEYENDO
အကြိမ်ကြိမ် ရင်ခုန်မိသော(my Bad Girl)
RomanceUn/Zg အချစ်ဆိုတာ တကယ်ရှိလား မရှိလားတော့ သေချာ မသိဘူး ကဗျာဆရာတွေ စာရေး ဆရာတွေက အချစ်ကို အမျိုးစုံ ဖွဲ့ဆိုကြတယ် ကိုယ့်အတွက် အချစ်ကတော့ ပူလောင်တယ် တစ်စုံတစ်ယောက်ကို ချစ်မိသွားရင် သူ့ကြောင့် ကိုယ်လဲ ပူလောင် ရတယ်....အဲ့ဒီ ထဲမှာမှ ဗီလိန်တစ်ယောက်ရဲ့ အချစ်ဆ...