အကြိမ်ကြိမ်ရင်ခုန်မိသော(my bad girl)
အပိုင်း ၃၉
ဆက် ဘာကြောင့်ရယ် မသိ Rain ရဲ့ကလေး တက်နေတဲ့ ကျောင်းသို့ ဘယ်သူမှ မသိအောင် ခဏခဏ သွားကြည့်တက်သည်။ ဘာကြောင့် ကလေးထိမ်းကျောင်းကို ပို့ထားတာလဲ မသိပေမယ့် မိုးလင်းကနေ မိုးချုပ်ထိ ကလေး က ကလေးထိမ်းကျောင်းမှာ ရှိနေတာ ဖြစ်သည်။
ပုံမှန် အတိုင်း ဆို ဒေါက်တာ ခ က လာကြိုတက်ပေမယ့် ဒီနေ့တော့ ကား ပင် မတွေ့ရသေးပေ။
ကျောင်းဆင်းချိန်နဲ့ တိုက်နေတာမို့ ကျောပိုးအိပ်သေးသေးလေးကို မနိုင်တနိုင်လွယ်ပြီး လူပ်စိလူပ်စိ လျောက်ထွက်လာသည့် ကလေးကို အများကြီး ကြားထဲမှ တန်းပြီးတွေ့လိုက်သည်။ ဆရာမ တစ်ယောက်က ကျောင်းပေါက်ဝမှ ရပ်ကြည့်နေပြီး
အခြားမိဘတွေ လာခေါ်သွားလို့ ကလေးတွေပြန်သွားကြပေမယ့် သူလေး ကတော့ ငုတ်တုပ်လေး ထိုင်ပြီး ဟိုကြည့်ဒီကြည့် ကြည့်နေ၏။ ဆက် သူ့ကိုသူ မသိလိုက်ခင်မှာပဲ ကလေးနားသို့လျောက်သွားနေမိပြီဖြစ်သည်။"သား....ဘာလို့ တစ်ယောက်ထဲ ရှိနေတာလဲ....ဖေဖေ လာမကြိုသေးဘူးလား...
ဆက် မေးလိုက်တော့ ဆက်ကို ပြန်မော့ကြည့်ပြီး ဖြေ၏။
"မေမေ လာကြိုမှာ....နည်းနည်းနောက်ကျနေတာ...
"သား ဖေဖေက ဘာလို့ လာမကြိုတာလဲ.....
"ဖေဖေလား.....သားမှာ ဖေဖေ မရှိပါဘူး...မွေးထဲက မေမေ ပဲရှိတာ..ဖေဖေ မရှိဘူး ......
"ဟင်...?
ဆက်ကြားလိုက်ရသော စကားကြောင့် အံအားသင့်ကြောင်အ သွားရသည်။ဒါဆို ဒေါက်တာ ခ...ကရော ဘာလဲ။
"ဒေါက်တာ ခ...ကရော...
"ဦးခ လား....သား ဦးလေးလေ....
"ဦးလေး....
"ဟုတ်..........
ဦးလေး တဲ့လား။ဒါဆို ပထွေးလို့ ပြောချင်တာလား။
ကားရပ်သံကြားလိုက်ရပြီးနောက် စကားသံပါထွက်လာ၏။
"သာသာ......
"ခင်ဗျာ........
ထူးသံလေးနဲ့ အတူ ဆက်ရှေ့က လူသေးသေးလေးက သူ့ကို နူတ်ဆက်သလို ကြည့်၏။
VOCÊ ESTÁ LENDO
အကြိမ်ကြိမ် ရင်ခုန်မိသော(my Bad Girl)
RomanceUn/Zg အချစ်ဆိုတာ တကယ်ရှိလား မရှိလားတော့ သေချာ မသိဘူး ကဗျာဆရာတွေ စာရေး ဆရာတွေက အချစ်ကို အမျိုးစုံ ဖွဲ့ဆိုကြတယ် ကိုယ့်အတွက် အချစ်ကတော့ ပူလောင်တယ် တစ်စုံတစ်ယောက်ကို ချစ်မိသွားရင် သူ့ကြောင့် ကိုယ်လဲ ပူလောင် ရတယ်....အဲ့ဒီ ထဲမှာမှ ဗီလိန်တစ်ယောက်ရဲ့ အချစ်ဆ...