အကြိမ်ကြိမ်ရင်ခုန်မိသော
အပိုင်း ၁၀
"သူဌေး...Rain က ပြောတယ် သူမ အခြား အလုပ်ရှိလို့ စော ပြန် နှင့်ပြီတဲ့....
"သြော်...အင်း.... ဒါဆို ငါတို့လဲ သွားရအာင်.....
"Rain က သွားနှင့်ပြီလား...ဘာလို့ ငါတို့ကို မစောင့်ရတာလဲ....
"သူ့အလုပ်ရှိလို့ အရင်သွားတာတဲ့....
"အလာတုန်းက အတူလာပြီး ပြန်တော့ တစ်ယောက် မပါတော့ တစ်မျိုးကြီးပဲ.....
ပေါက်ပေါက်ဖောက် စကားပြောသံတွေ ဆက်ရဲ့ မျက်နှာတည်ကြီးနဲ့ လှည့်ကြည့်လိုက်ချိန်မှာတော့ တိ ခနဲ တိတ်ကျသွားတော့သည်။
တစ်လမ်းလုံး ဆက် ရဲ့ အတွေးတွေ နယ်ချဲ့လျှက်။
ညက ဘာဖြစ်သွားတာလဲ....
ငါ ဘာလို့ သူမ အခန်းထဲရောက်နေရတာလဲ....
ငါတကယ် သူမ နဲ့ အိပ်ခဲ့တာလား....မဖြစ်သင့်ဘူး...ဆက်...မင်း သေချာ စဥ်းစားစမ်း ညက ဘာတွေ ဖြစ်ကုန်တာလဲ ဆိုတာ....မနေ့ညက အကုန် အတူ သောက်ကြတာပဲ၊
နောက် ငါ သူမ အတွက် ကူသောက်ပေးလိုက်တယ်၊ ပြီးတော့ အရမ်းမူးသွားတယ်၊ အဲ့တာပြီးတော့ ငါ အခန်းထဲကို ဘယ်လို သွားခဲ့တာလဲ.... သူမ ခေါ်သွားခဲ့တာလား....ဖြစ်လောက်တယ် မူးနေတော့ အအေးပတ်မှာ စိုးလို့ ခေါ်သွားပုံပဲ၊ အဲ့တာကို ငါက အခွင့်ကောင်း ယူခဲ့တာလား....ဘယ်လိုစဥ်းစား စဥ်းစား အတွေးထဲ ပြန်ပေါ်လာတာက သောက်နေတဲ့ အချိန် မနက်ရောက်တော့ အဝတ်မပါနဲ့ ခန္ဓာကိုယ် တွေနဲ့ Rain နဲ့ အတူ အိပ်နေတဲ့ ပုံတွေ ကိုသာ ပြန်မြင်ယောင်လာ၏။ ဆက် တစ်လမ်းလုံး တွေးလာပေမယ့် ကြားလည်က အပိုင်း အစတွေ အားလုံးဟာ ပျောက်နေခဲ့သည်။
တွေးရ လွန်းလို့ ခေါင်းတွေပါ ထိုးကိုက်လာတော့သည်။
"သူဌေး အဆင်ပြေ ရဲ့လား...ညက အရမ်း မူးသွားလား...ကျွန်တော် တို့လဲ မူးပြီး သူဌေး ကို ဂရု မစိုက်လိုက်ရဘူး....
"ငါ...အဆင်ပြေတယ်....
*********************
"တီးတောင်... တီးတောင်.....
ခြံတံခါး ဘဲသံ ကြောင့် အိမ်ထဲမှာ ရှိသည့် လူတွေဟာ ခေါင်းထောင်သွား၏။ လှေကားထစ်တွေ အတိုင်း လဲ မင်းမင်းက ပြေးဆင်းလာ၏။
VOCÊ ESTÁ LENDO
အကြိမ်ကြိမ် ရင်ခုန်မိသော(my Bad Girl)
RomanceUn/Zg အချစ်ဆိုတာ တကယ်ရှိလား မရှိလားတော့ သေချာ မသိဘူး ကဗျာဆရာတွေ စာရေး ဆရာတွေက အချစ်ကို အမျိုးစုံ ဖွဲ့ဆိုကြတယ် ကိုယ့်အတွက် အချစ်ကတော့ ပူလောင်တယ် တစ်စုံတစ်ယောက်ကို ချစ်မိသွားရင် သူ့ကြောင့် ကိုယ်လဲ ပူလောင် ရတယ်....အဲ့ဒီ ထဲမှာမှ ဗီလိန်တစ်ယောက်ရဲ့ အချစ်ဆ...