Prologue

72K 3.3K 365
                                    


[Zawgyi]

ဘာလို့လဲ...ကျန်းရွှမ်..
ဘာလို့လဲ...
ကိုယ့်အကိုရင်းလို သဘောထားခဲ့တဲ့သူ..
ကိုယ့်ညီမရဲ့ လက်တွဲဖော်က...
ငါ့ကို သတ်တယ်...

ငါ့ညီမလေး... ငါ ချစ်ရတဲ့ ညီမလေး..
ကိုကြီး တောင်းပန်ပါတယ်ကွာ...
တကယ်လို့...
ကိုကြီးသာ မင်းကို ဆွဲမထားလိုက်ရင်...
ညီမလေးလည်း သေရမှာမဟုတ်ဘူး...

ဟ.. ဟ..
ငါ မျက်စိမှားခဲ့တာပဲ
ငါ့လို မြေအောက်လောကဘုရင်က...
ကိုယ့်ညီမရဲ့ လက်တွဲဖော်...
ကိုယ့်လူယုံသတ်လို့ သေရတယ်တဲ့လား...

ဒါတင် မကသေးဘူး..
သေတာတောင် စိတ်ကြွဆေးကြောင့်တဲ့လား...
Fuck ပဲ

"အဟမ်း.. အဟမ်း..
Host.. ဘေးလူရှိနေတာ သတိထားပါဦး"

"ဟမ်...
ဘယ်က အသံလဲ..
လူလည်း မတွေ့ပါဘူး..."

"Host ... ကျွန်တော်က Host.. အောက်မှာပါ..
အောက်ငုံ့ကြည့်ပါဦး..."

"😦ကလေးလေးလား..."

ကိုယ့်ကို လူယုံသတ်လို့ သေတော့...
စိတ်ထဲမှာ အားလုံးပြင်ဆင်ထားခဲ့တာ...
ငရဲသွားဖို့...
ဟုတ်တယ်... ငရဲသွားဖို့..
နတ်ပြည်သွားမှာ မဟုတ်ဘူးလားတော့လာမမေးနဲ့..

မြေအောက်လောကဘုရင်အနေနဲ့...
ကိုယ်လုပ်ခဲ့တဲ့ထဲ ကောင်းတာမှ မပါတာ..
အဲ့လိုလူကို မိုးနတ်မင်းက ခေါ်မှာတဲ့လား...
No ပါ.. ရော့.. ဆင်း ဆိုပြီး..
တန်းကန်ချမှာ..
အဲ့တော့ ဘာလို့ ကန်ချခံနေရမှာလဲ...
ကိုယ့်ဘာသာ သွားမှာပေါ့..ဟုတ်ဘူးလား..

အဟမ်း.. အဟမ်း...
ဆက်ပြောမယ်...
ကိုယ်သေမယ့်အချိန်ကို စောင့်ရင်းနဲ့...
ဘာမသိ.. ညာမသိ..
မျက်စိနှစ်လုံးဖွင့်လိုက်တော့..
ဒီဟင်းလင်းပြင်ထဲ ရောက်နေတာပဲ...

အဲ့ချိန်လေး ကိုယ်သေရတဲ့အကြောင်း...
စဉ်းစားမိပြီး ... စိတ်ပေါက်ပေါက်နဲ့.. ဆဲလိုက်တယ်

ဆဲသံမှ မဆုံးသေးဘူး..
ထွက်လာတဲ့ အသံက..
'အဟမ်း.. အဟမ်း..
Host.. ဘေးလူရှိနေတာ သတိထားပါဦး' တဲ့

ရှိတာက ကိုယ်တစ်ယောက်တည်းပါ..
အသံက ဘယ်ကြားက ထွက်လာတာလဲပေါ့...
လိုက်ရှာမိတော့..
'Host အောက်ငုံ့ကြည့်ပါဦး' တဲ့

စောက်ချော system(Completed)Where stories live. Discover now