Chapter - 73

36.7K 4.3K 915
                                    

မင်းယွီတို့အိမ်လေးက ၂ ထပ်အိမ်လေးပေမဲ့ အခန်းများစွာနဲ့ ဖွဲ့စည်းထား၍ လူအများ နေထိုင်ရန်အတွက် အခက်ခဲတော့မရှိပေ … အောက်ထပ်တွင် အိပ်ခန်း ၃ ခန်းပါရှိကာ အပေါ်ထပ်မှာ  ၄ ခန်းပါရှိပြီး မင်းယွီတို့သားအဖတစ်ခန်း မိခင်ဖြစ်သူတစ်ခန်းနေထိုင်လေတယ် … ကျန် ၂ ခန်းက ရှုယွမ်တို့သားအမိကို တည်းခိုစေလိုက်တယ် … အခန်းလွတ်မရှိစေဖို့အတွက် …

သူမက တမင်တကာ မင်းယွီရဲ့ဘေးခန်းမှာ ရှုယွမ်ကိုနေစေလိုက်တယ်  … အပေါ်ထပ်မှာ လူပြည့်ပေမဲ့ အောက်ထပ် ၃ ခန်းကတော့ လွတ်နေဆဲ … အောက် ၃ ခန်းကယာယီဧည့်သည်တည်းခိုဖို့ရည်ရွယ်ပြီး အခန်းဖွဲ့ထားခြင်းဖြစ်တယ် … ချူးရှန့် နဲ့ ရှန်ဝေကို တစ်ယောက်တစ်ခန်းပေးပြီးနောက် ကျန်ရှိနေတဲ့အခန်းကို ဖန်းဂူအားနေစေလိုက်တယ် …

အပေါ်ထပ်ကအခန်းလောက် မကျယ်ပေမဲ့ လူတစ်ယောက်အိပ်စာ ကုတင်တစ်လုံးနှင့် အဝတ်ထားဖို့ ဘီဒိုတစ်လုံးပါရှိပြီး ရေချိုးခန်းအိမ်သာတော့မရှိပေ …

" ဒါကဘာလဲ "

" မင်းနေဖို့လေ … မနေနိုင်ရင် ကိုယ့်အိမ်ကိုပြန်လို့ရတယ် "

ရှန်ဟွှာရဲ့သခင်လေးက ရေချိုးခန်းသာသာအခန်းလေးထဲမှာ နေနိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့အရာတစ်ခု … အတတ်နိုင်ဆုံး သူမလုပ်နိုင်တာတစ်ခုက ရှန်ဖန်းဂူစိတ်တိုပြီး သူမအိမ်ပေါ်ကဆင်းသွားဖို့အတွက်ပဲ …

သူမအကြံကိုသိနေတဲ့ဖန်းဂူက လုယီလေးကိုပွေ့ချီလိုက်ပြီး …

" ကောင်းပြီလေ … ကျွန်တော့သားနဲ့ကျွန်တော်နဲ့ ဒီအခန်းမှာနေမယ် … ချူးရှန့် အိပ်ခန်းသန့်ရှင်းရေးလုပ်လိုက် "

" ဟုတ်ကဲ့ "

ဖန်းဂူက ဂရုမစိုက်စွာ လုယီလေးကိုခေါ်ပြီး ဝင်သွားလေတယ် … သူမက မြေးလေးကို ဒီလိုအခန်းကျဉ်းထဲမှာ မထားချင်ဘူး … သို့ပေမဲ့ ဖန်းဂူထံကနေ သူမမြေးလေးကို ပြန်မခေါ်နိုင်ခဲ့ဘူး … မင်းယွီက သူ့မိခင်ကိုဆွဲခေါ်လိုက်ပြီး …

" မား … ဘာလို့ ဒီအခန်းကိုပေးလိုက်တာလဲ "

" ဘာလဲ … မင်းကသူနဲ့တစ်ခန်းထဲနေချင်လို့လား "

LION 🦁 ( Mafia Is My Alpha ){ Unicode }Unde poveștirile trăiesc. Descoperă acum