နှစ်တွေသာပြောင်းလဲသွားတယ် ရှန်ဟွှာအိမ်တော်ကြီးကတော့ ပြောင်းလဲခြင်းမရှိ ... အိမ်တော်ထဲကို ခြေချမိတော့ တစ်ချိန်က ပုံရိပ်တွေအစားထိုးဝင်လာခဲ့လေတယ် ...
ဒီအိမ်တော်ကြီးထဲမှာ သူ့ရဲ့မိတ်ဖက်က တစ်ခြားအမျိုးသမီးနဲ့ လက်ထက်ဖို့ထိလုပ်ခဲ့တဲ့အပြင် အရှက်တကွဲအကျိုးနဲဖြစ်ခဲ့ရတဲ့အချိန်တွေ ဒါတွေကိုမေ့ပျောက်ချင်ပေမဲ့ မေ့မရခဲ့ဘူး ....
အိမ်တော်ထဲဝင်လာကတည်းက ဖန်းဂူတိတ်ဆိတ်နေတယ် ... ချူးလောင်ဝီနဲ့ ချူးလောင်ရှန့်ရပ်နေတာကိုမြင်လိုက်ရတော့ မင်းယွီခေါ်လိုက်ချင်ပေမဲ့ သူ့ပုံစံက မိန်းကလေးတစ်ယောက်ဖြစ်နေတာကိုသတိရသွားပြီး ငြိမ်နေလိုက်တယ် ...
သူ့ရဲ့မွေးစားအဖေဖြစ်တဲ့ လောင်ရှန့်နဲ့ သားလေးမွေးပြီးမှ တစ်ကြိမ်ပဲတွေ့ဖူးပြီး ထပ်မတွေ့ရတော့ဘူး ... အနှစ် ၂၀ သံယောဇဉ်က ၃ နှစ်လေးကွဲကွာယုံနဲ့ မပျက်တောက်နိုင်ဘူး ... ဒါပေမဲ့လဲ နှုတ်မဆက်ရဲတာနဲ့ငြိမ်နေမိတယ် ...
ဖခင်အစစ်ဖြစ်တဲ့ ပတ်ဒိုမင်းကတော့ ဆက်သွယ်ဖို့ကြိုးစားပေမဲ့ အပြစ်ကြွေးတွေကြောင့် မင်းယွီရှောင်နေမိတယ် ... သားလေးကတော့ ရှုယွမ်ရဲ့အကူအညီနဲ့ ပတ်ဒိုမင်း ပတ်ဆုန်းချူတို့နဲ့ရင်းနီကြလေတယ် ...
" သမီးလေးတို့ ... ဒီမှာထိုင် "
မင်းယွီရော ယွန်ဆွန်းပါ အတူတိုင်လိုက်ကြတယ် ... လုယီလေးကတော့ ဖန်းဂူအနားမှာကပ်နေမြဲ ... ယွန်ဆွန်းက မင်းယွီအနားကိုကပ်လိုက်ပြီး ...
" အတွင်းရေးမှူး ... ရှင်နဲ့ဥက္ကဌရှန် ကြားမှာ တစ်ခုခုများ ဖုံးကွယ်ထားတာရှိလား "
မင်းယွီ ခဲတောင့်သွားကာ ...
" မ ... မရှိပါဘူး "
" ဒီလိုလား ... ကျွန်မအထင်မှားနေတာပဲနေမှာပါ "
သူမကပြုံးလျှက် မင်းယွီအနားကနေ ထွက်သွားတယ် ... ပြီးနောက် သခင်မကြီးကို စားစရာတွေပြင်ရာ၌ ကူညီပေးလေတယ် ... အစေခံတွေရှိပေမဲ့ အထူးနေ့မှာ သူမကိုယ်တိုင် စိတ်ကြိုက်ပြင်ဆင်နေခြင်းဖြစ်တယ် ...
လုယီက ဖန်းဂူထံမှာဖြစ်ပြီး ကျန်လူများက မီးဖိုချောင်မှာအလုပ်ရှုတ်နေကြတယ် ... မင်းယွီက သူ့ရဲ့သရုပ်မှန်ပေါ်မည်စိုး၌ တိတ်တိတ်လေးသာ ထိုင်နေမိတယ် ... ထိုစဉ်သူ့ရဲ့အနားသို့ လူတစ်ယောက် ရောက်လာခဲ့တယ် ... ထိုလူကတော့ ချူးလောင်ရှန့် ...

CITEȘTI
LION 🦁 ( Mafia Is My Alpha ){ Unicode }
Romanceဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ် ...... #KZinNyein