ရွာလေးရဲ့ထိပ်မှာရှိတဲ့ လယ်ကွင်းပြင်ကြီးထဲမှာ လုယီလေးတစ်ယောက် ပျော်ရွှင်စွာပြေးလွှာနေတယ် …
" ကိုကို… ဒီပန်းပန်းက ဘာပန်းယဲဟင် "
" အဲ့ဒါ တောသစ်ခွပန်းလို့ခေါ်တယ် … သခင်လေးအတွက် "
လက်တစ်ဖက်မှာကိုင်ထားတဲ့အဖြူရောင်ပန်းတွေကို လုယီလေးထံကမ်းပေးလိုက်တော့ လုယီလေး လွန်စွာပျော်ရွှင်သွားလေတယ် …
ငယ်စဉ်ကတည်းကအဖော်မဲ့ခဲ့ရှာတဲ့ မန်ဂိုယောင်းဆိုတဲ့ကလေးငယ်ဟာ မျက်နှာထားတည်ကြည်ပြီး စိတ်နှလုံးသားနူးညံ့သလို အရွယ်နှင့်မလိုက်အောင် ရက်ကျပ်လွန်းသူလဲဖြစ်တယ် … ကစားဖော်ရှာနေတဲ့ လုယီလေးနဲ့တွေ့တဲ့အခါမှာတော့ ငယ်ရွယ်ပေမဲ့သွက်လက်တဲ့ လုယီလေးကို ချစ်ခင်လေးစားသလို သခင်တစ်ယောက်ပမာ တန်ဖိုးထားပြီးဆက်ဆံလေတယ် …
လုယီလေးပျော်ရွှင်သွားတာမြင်တော့မှ ဂိုယောင်း စိတ်ချမ်းသာသွားပြီး လက်ထဲက ပေါက်တူလေးနဲ့ သူ့မိခင်ခိုင်းထားတဲ့ လယ်ကွင်းထဲက သစ်ဥအနည်းငယ်တူးဖော်ပြီးနောက် လွယ်တဲ့ချင်းလေးထဲထည့်ကာ အိမ်ပြန်ဖို့ပြင်လေတော့တယ် …
" သခင်လေး … ကျွန်တော်ပြီးပြီ … အိမ်ပြန်ရအောင် "
" YiYiပြန်ချင်သေးဘူး … ပန်းပန်းတွေခူးချင်သေးတယ် … ပါပါးနဲ့ဒယ်ဒီကိုပေးဖို့ "
လုယီလေးက ခြောက်ကမ်းပါးပေါ်မှာရှိတဲ့ပန်းပင်ဘက်ကိုသွားနေတာမြင်ရတော့ ဂိုယောင်းအမြန်တားလိုက်ရတယ် …
" ကျွန်တော်ချိုးပေးပါ့မယ် … အပင်ကနည်းနည်းမြင့်ပြီး ခြောက်ကမ်းပါးမှာဆိုတော့ အန္တရာယ်များတယ် … သခင်လေး ဒီမှာထိုင်နေ "
လုယီလေးကိုသစ်ပင်အောက်မှာထားခဲ့ပြီး ခြောက်ကမ်းပါးမှာပေါက်နေတဲ့ အဖြူရောင်အပွင့်တွေနဲ့ဝေဆာနေတဲ့ပန်းပင်လေးထံ ထွက်လာခဲ့တယ် … ဒီပန်းက တစ်နှစ်မှ ဆောင်းရာသီ တစ်ကြိမ်ထည်းသာပွင့်လေ့ရှိပြီး လှပတဲ့ပန်းခိုင်က ခေါင်ဖြားမှာသာကျန်ရှိနေတယ် …
ဂိုယောင်းက သစ်ပင်ထိပ်ဖြားပေါ်တက်သွားရင်း အလှဆုံးပန်းခိုင်တွေကိုချိုးပြီး အစည်းလေးတစ်ခုပြုလုပ်ကာ ပန်းပွင့်တွေကြွေမှာဆိုး၍အောက်ကိုပြစ်မချပဲ လက်တစ်ဖက်ကကိုင်ထားပြီး ဆင်းလာခဲ့တယ် …

CITEȘTI
LION 🦁 ( Mafia Is My Alpha ){ Unicode }
Romanceဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ် ...... #KZinNyein