ရေစိုနေတဲ့ ရှန်ဝေတစ်ယောက် ကိုယ်ပေါ်ကအဝတ်တွေကိုလှန်းထားပြီး ကမ်းစပ်က ကုန်းပုလေးပေါ်မှာထိုင်နေကာ ချူးရှန့်ရဲ့ ရေစိုသွားတဲ့ပါဝါမျက်မှန်ကိုတစ်ရှူးတစ်ရွက်နဲ့ သုပ်ပေးနေလိုက်တယ် …
" ရှန်ဝေ "
ထူးသံမကြားရ … ချူးရှန့် ပင်လယ်ဘက်ကိုမျက်နှာမူထားရင်း မှုန်ဝါးဝါးဖြစ်နေတဲ့မျက်ဝန်းတွေနဲ့ ရှာဖွေကြည့်ပေမဲ့ ရှန်ဝေကိုမတွေ့ရပေ …
အဲ့ဒိအချိန်တုန်းက သူထိုကောင်လေးရင်ခွင်ထဲကနေ အားကုန်ရုန်းပြီးပြေးထွက်လာခဲ့မိတယ် … ဒါကဘာကြောင့်မှန်းသူမသိပေမဲ့ အနေအထားကနည်းနည်းတော့ ခံရခက်လှတယ် … ခုမရှိပြန်တော့လဲ မသိစိတ်က စိတ်ပူမိပြန်ရော … ပြီးတော့လုယီ … လုယီလေးဘယ်မှာလဲ … သတိရသွားတော့ လုယီလေးကို ရှာဖွေမိပြန်တယ် …
" လုယီ … အစားကြီးလေးရေ "
ချူးရှန့်ကလေး ၂ ယောက်ကို လိုက်ရှာပေမဲ့ သူကိုယ်တိုင်ဘယ်ရောက်နေမှန်းပင် ခန့်မှန်းရခက်သွားတယ် … အဝေးမှုန်တဲ့လူတစ်ယောက်အတွက် မှုန်ဝါးဝါးဖြစ်နေတဲ့ မြင်ကွင်းတွေထဲမှာ ပင်လယ်ပြာနဲ့ကုန်းပေါ်က ကျောက်စောင်မဲမဲတွေကလွဲပြီး ဘယ်အရာကိုမှ သဲကွဲစွာမမြင်နိုင်ပေ … တိုက်ပွဲမှာတောင် မကျွတ်ခဲ့တဲ့မျက်မှန်က ခုတော့ ဘယ်ရောက်နေမှန်းပင်မသိ …
ရှန်ဝေထိုင်ရာကနေထလာပြီး သူ့ကိုမမြင်ပဲ ကျောပေးကာ ရှာမတွေ့လို့ပူပန်နေတဲ့ ထိုလူသားအနားအားသွားကာ ပခုံးကနေ ဆွဲလှည့်လိုက်တယ် …
" အကို "
" ရှန်ဝေ "
အနီးကပ်မြင်လိုက်ရတဲ့မျက်နှာက ကြည်လင်နေပြီး ဝါညစ်ညစ်ဆံနွယ်ပေါ်မှာ ရေဆက်များတွဲခိုလျှက်ပင် … ဖြူဖွေးတဲ့အသားအရေတွေက နေရောင်အောက်မှာတောက်ပနေပြီး ညှို့ယူအားပြင်းလွန်းလှတဲ့ မျက်ဝန်းတွေက ကြည်လင်တောက်ပနေပြီး ချူးရှန့်အား အကြည့်မခွာနိုင်အောင် ဆွဲဆောင်ထားလေတယ် …
သို့ပေမဲ့ စောစောကအနေအထားကိုပြန်တွေးမိပြန်တော့ ချူးရှန့် အကြည့်တွေလွှဲလိုက်ပေမဲ့ သူ့အကြည့်တွေက ရှန်ဝေရဲ့ရင်ဘက် ပြီးနောက် ဝမ်းဗိုက်ထံသို့ …

CITEȘTI
LION 🦁 ( Mafia Is My Alpha ){ Unicode }
Romanceဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ် ...... #KZinNyein