Chapter - 76 ( 🚨🔞🚨 )

72.6K 5.6K 1.5K
                                    

အရာအားလုံးကိုရှင်းလင်းစွာ မှတ်မိသွားခဲ့ပြီ ... သူ့ဘဝကို အမှောင်လောကမှာနစ်မြုတ်စေခဲ့ပြီး ထိပ်ဆုံးဆိုတဲ့နေရာကိုရောက်ရှိဖူးခဲ့ပြီ ... ဒါပေမဲ့ပြည့်စုံမှုမရှိ ... စိတ်ချမ်းသာမှုမရှိ ... တစ်နေ့ အရာအားလုံးကိုစွန့်လွှတ်ကာ ပင်လယ်ထဲကငါးတစ်ကောင်လို ဦးတည်ရာမဲ့ လျှောက်သွားပြီး ဘဝကိုအဆုံးသတ်ပြစ်မည်ဟု ကြွေးကြော်ခဲ့ဘူးတယ် ...

ဒါပေမဲ့ သူနဲ့တွေ့ပြီးနောက်ပိုင်း ခံစားချက်တွေပြောင်းလဲလာကာ အေးဆက်ပြီးအသက်မဲ့တဲ့ဘဝလေးက နွေးထွေးလာခဲ့တယ် ... အချစ်ဆိုတာ ဘယ်လိုအရာမှန်းမသိရှိတဲ့သူလိုလူတစ်ယောက်ကို အသက်ကိုပေးပြီးကာကွယ်ပေးချင်လောက်တဲ့ထိ ရူးသွပ်စေခဲ့တယ် ... ဒါဟာအချစ်ဆိုတာ ခုတော့သဘောပေါက်လိုက်ပြီ ... တစ်ယောက်နဲ့တစ်ယောက် ထိခိုက်မှာကိုမလိုလားပဲ ကာကွယ်ပေးတတ်တဲ့အချစ်မျိုး ...

ချစ်စရာကောင်းတဲ့သားလေးကိုမွေးဖွားပေးတဲ့အပြင် ချုပ်နှောင်ခြင်းမရှိပဲ တစ်ကိုယ်တည်းရပ်တည်နိုင်တဲ့ သတ္တိခဲလေး ... ဒီအိုမီဂါကိုသူချစ်မိတာနောင်တမရဘူး ... အရာအားလုံးဟာ ဘုရားရှင်ဖန်ဆင်းပေးတဲ့အတိုင်းဆိုပေမဲ့ ခုချိန်ကနေစပြီး သူ့ကိုပွင့်လင်းစွာဝန်ခံပြီး တစ်သက်လုံးအနားမှာထားကာ ကာကွယ်စောင့်ရှောက်ပေးတော့မယ်လို့ စိတ်ဆုံးဖြတ်ချက်ချလိုက်တယ် ...

" သခင် ... သတိရလာပြီလား "

ချူးရှန့်ဝင်လာတော့ ဖက်သွယ်ထားတဲ့ ဖန်းဂူလက်တွေကိုလွှတ်ပေးလိုက်တယ် ... မင်းယွီလဲအမြန်ထလိုက်ပြီး ဘေးမှာရပ်နေလိုက်တယ် ... ခုချိန်မှာ အပျော်လွန်းပြီး ရင်တွေလဲခုန်ကာ ၂ ယောက်လုံး ဘာမှမပြောနိုင်ကြသေးဘူး ...

ပြီးမှ ဖန်းဂူက ချောင်းအသာဟန့်လိုက်ပြီး ...

" ချူးရှန့် ...:အခြေအနေဘယ်လိုရှိလဲ "

" တိုက်ပွဲကပြင်းထန်တော့ လူကြီးတွေအကုန်ရောက်လာတယ် ...  ရှန်ဟွှာကလဲ မင်းယွီအသက်ရှင်မှန်းသိသွားပြီး လုယီလေးကသခင်လေးသားမှန်းအားလုံးသိသွားကြပြီ ... သူတို့မကြာခင် ဒီကိုရောက်လာကြတော့မှာ "

ထိုအခါ ဖန်းဂူ ကုတင်ပေါ်ကနေ အမြန်ဆင်းလိုက်ပြီး ...

" ခု လုယီဘယ်မှာလဲ "

LION 🦁 ( Mafia Is My Alpha ){ Unicode }Unde poveștirile trăiesc. Descoperă acum