နံနက်ခင်းအာရုံတက်ချိန်၌ တဝီဝီမောင်းနှင်နေတဲ့ ကားသံတွေအစား တောအရပ်ရဲ့သဘာဝ ကျေးငှက်သံလေးတွေက စီးကြိုနေတယ် …
ဘယ်လောက်ပင်အိပ်ယာဝင်နောက်ကျပါစေ ဝီရိရကြီးစွာ မနက်စောစောထတတ်တဲ့မင်းယွီဟာ ၆ နာရီဒေါင်ကနဲဆိုတာနဲ့ အသိစိတ်က နိုးလာခဲ့တယ် …
သို့ပေမဲ့ သူ့ရဲ့မျက်ဝန်းတွေကဖွင့်မရသလို ခန္ဓာကိုယ်ကလဲ ကိုက်ခဲနာကျင်ကာ လက်ပင်မမြှောက်နိုင်သေး … ကြိုးစာကာ ဖွင့်ကြည့်လိုက်တော့ မြူနှင်းတွေကြောင့် ပတ်ဝန်းကျင်ဟာအုံ့မှိုင်းနေပြီး နေရောင်မထိုးဖောက်နိုင်ပေ … ခန္ဓာကိုယ်ဟာ စိတ်သွားတိုင်းကိုယ်မပါနိုင်သလို ထပြီးထိုင်ရန်ပင်မစွမ်းသာလောက်အောင် ထုံကျင်ကိုက်ခဲကာ နာကျင်နေတယ် … ဒီတစ်ကြိမ် အသက်မထွက်သွားတာ ကံကောင်းတယ်ဟုပင်ဆိုရမယ် …
" အင့် … ကျွတ် … ကျွတ် "
စုတ်သတ်လိုက်ရင်း ကြိုးစားကာထမည်ကြံရွယ်တော့ ကြီးမားတဲ့လက်မောင်းကြီးက သူ့အား ဆွဲယူကာ ပွေ့ဖက်ထားလေတယ် …
ဇင်ယော်တောင်မျက်ခုံးတွေကဖျောင့်တန်းနေပြီး မျက်တောင်မွေးရှည်တွေကမလှုပ်မယှက်ပိတ်ထားလျှက် … လှပတဲ့အိမ်မက်တစ်ခုမြင်မက်နေသယောင် ပြုံရောင်လေးသန်းနေတယ် … အမြဲသပ်သပ်ရပ်ရပ်ရှိနေတတ်တဲ့ နတ်မှောင်တဲ့ဆံနွယ်တွေက ဖရိုဖရဲဖြစ်နေပေမဲ့ သူ့ပုံစံက ခန့်ညားမှုလျော့မသွားပေ …
မင်းယွီ သူ့လက်နဲ့ မျက်စိရှေ့က ဖန်းဂူမျက်နှာလေးအား ရှင်းလင်းစွာမြင်နိုင်အောင် လက်လေးနဲ့ နှဖူးပေါ်ကဆံနွယ်တွေကို ဖယ်ရှာကြည့်လိုက်တယ် … ခုချိန်ထိ အရာအားလုံးကမှန်ကန်ရဲ့လား မင်းယွီမသေချာသေးဘူး … ဒါဟာအိမ်မက်တစ်ခုဖြစ်နေပြီး အရှေ့ကလူ ပျောက်ကွယ်သွားရင်ဆိုတဲ့အတွေးနဲ့ စိတ်ပူပန်လာကာ တဖြေးဖြေးနားနားတိုးကပ်လိုက်တယ် …
သူ့ရဲ့အသက်ရှူသံတွေ သူ့ရဲ့နှလုံးခုန်သံတွေ အရာအားလုံးကပုံမှန်ပဲ … ဒါကအသက်ရှိနေတဲ့လူပဲ … ညကအဖြစ်အပျက်တွေလဲအမှန်တွေပဲပေါ့ … နောက်ဆုံးတော့ မာဖီးယားတစ်ယောက်ရဲ့ စစ်မှန်တဲ့စိတ်ရင်းနဲ့ အချစ်ကိုရရှိသွားခဲ့ပြီ … သူက လုယီရဲ့ဒယ်ဒီ ပြီးတော့ သူ့ရဲ့အယ်ဖာ …

CITEȘTI
LION 🦁 ( Mafia Is My Alpha ){ Unicode }
Romanceဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ် ...... #KZinNyein