Unicode
"လူကြီးမင်း ခေါ်ဆိုသောတယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်...."
နားနားမှာကပ်ထားမိတဲ့ဖုန်းကိုခွာပြီး မျက်နှာပြင်ကိုစိုက်ကြည့်မိတယ်။ ငါးကြိမ်မြောက်သောကော်ဖီခွက်ကို လာချတဲ့စားပွဲထိုးလေးကိုတောင် ပြန်မပြုံးပြနိုင်ဘူး။
နာရီကို တစ်ချက်ကြည့်လိုက်တယ်။ လက်တံတိုလေးက သုံးကိုညွှန်ပြနေတယ်။ သူ ဒီကိုရောက်နေတာ ဆယ်နာရီလောက်တည်းက။ မနက်စာလည်းမစားရသေးသလို နေ့လည်စာလည်းမစားရသေးဘူး။
ကော်ဖီပဲသောက်ဖြစ်နေတာမို့ မနက်ကနှစ်ခွက်ပါထည့်ပေါင်းရင် သူသောက်နေတာ ဆယ်ခွက်နားကပ်နေပြီ။ ပန်းချီခန်းမကနေ တစ်ခါတည်းတန်းလာခဲ့တာမို့ ရှောင်းကျန့်ပုံစံက သပ်သပ်ရပ်ရပ်လေးဖြစ်နေတယ်။
ရှပ်လက်ရှည်အဖြူကို စတိုင်ပန့်အသားရောင်လေးနဲ့ပဲ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားတာတောင် ကော်ဖီဆိုင်ထဲကပျိုမဒီတွေက ရှောင်းကျန့်ကို ကွက်ကြည့်ကွက်ကြည့်နဲ့။ ဖုန်းကို စားပွဲပေါ်အသာတင်ပြီးတော့ အသစ်လာချထားတဲ့ကော်ဖီခွက်ကို ကိုင်လိုက်တယ်။ ခွက်အနားနဲ့နှုတ်ခမ်းနဲ့ ထိကပ်လိုက်ချိန်မှာ ဘေးဝိုင်းကမိန်းကလေးတွေရဲ့အော်သံပိစိတွေက ထွက်လာတယ်။
တစ်နာရီအပြည့်လောက်မှာ ရှောင်းကျန့် ဘေးခုံမှာတင်ထားတဲ့လက်ဆွဲအိတ်ကို ဆွဲယူလိုက်ပြီး စားပွဲပေါ်မှာရှိနေတဲ့လက်ကိုင်ဖုန်းကိုပါ တစ်ခါတည်းထည့်လိုက်တယ်။ ညာဖက်လက်မောင်းမှာ လက်ကိုင်အိတ်ကိုလွယ်လိုက်ပြီးတော့ ဘက်ဖက်လက်မှာတော့ ပန်းချီခန်းကနေမှ လောလောလတ်လတ်ဆွဲပြီးထားတဲ့ ပန်းချီကားချပ်ကို လက်မောင်းကြားညှပ်ပြီး ယူလိုက်တယ်။ ဖြည်းဖြည်းနဲ့ညင်ညင်သာသာပဲ လှုပ်ရှားနေတဲ့ရှောင်းကျန့်ရဲ့လှုပ်ရှားပုံတွေက ဘေးကကြည့်နေတဲ့သူတွေကိုတောင် ရင်မှာအေးစေတယ်။
ကောင်တာမှာ ညနေအဆာပြေစားဖို့ ပေါင်မုန့်ညိုတွေဝယ်ပြီးနောက်မှာ ရှောင်းကျန့် သူထိုင်ခဲ့တဲ့နေရာကို လည်ပြန်ကြည့်မိတယ်။ အုတ်နံရံညိုညိုတွေပေါ်မှာ စာဖြူဖြူလေးတွေ ၊ ပိုလာရွိုက်ပုံလေးတွေ ရှိနေတယ်။ တစ်ခဏမျှအကြည့်ရောက်ပြီးတာနဲ့ ဆိုင်မှန်တံခါးကို ဖွင့်ပြီးထွက်သွားတော့တာပဲ။
...................................................................................
YOU ARE READING
Never Get It Again