Unicode
သင်တန်းကနေအပြန်က အမြဲညနေဖြစ်နေတယ်။ ဘေးမှာလောင်ဝေကတော့ ပီကေတဖောက်ဖောက်နဲ့။ ဒီစိတ်ညစ်စရာသင်တန်းတွေကို ရိပေါ်က အိမ်ကတက်ခိုင်းတာဆို လောင်ဝေက ရိပေါ်တက်လို့လိုက်တက်တာ။
ဒီနေ့ညနေကို ခံစားနေရတာ တစ်မျိုးကြီးပဲ။ ဘယ်သူ့ကို လွမ်းလို့လွမ်းမှန်းမသိ။ သေချာတာကတော့ ရိပေါ် ရှောင်းကျန့်နဲ့မတွေ့ရတာ တော်တော်ကြာပြီဆိုတာပဲ။
"နှင်းကျတော့မယ်နဲ့တူတယ်"
လောင်ဝေပြောလို့ ကောင်းကင်ပေါ် မော့ကြည့်လိုက်တယ်။ တကယ်ကို နှင်းကျတော့မယ်နဲ့တူတယ်။ ပလက်ဖောင်းပေါ်လျှောက်နေရင်းနဲ့ ရိပေါ် ရှောင်းကျန့်ဆီ စာပို့ဖို့လုပ်နေတယ်။
"ရိပေါ်..."
"အင်း......."
လောင်ဝေ ဘေးကိုငဲ့ကြည့်လိုက်တယ်။ သူပြောနေတဲ့စကားကို ဒီကောင်ကြားရောကြားရဲ့လား။ ဖုန်းကို မျက်နှာနဲ့ထိလုမတတ် ငုံ့ကြည့်ပြီးစာရိုက်နေတယ်။ ကြားကြားမကြားကြား လောင်ဝေ သူတွေ့ခဲ့တာကိုတော့ ရိပေါ်ကို ပြန်ပြောရမယ်။
"ငါ မနေ့က စူပါမားကတ်ကို ငါ့အမေက တံမြက်စည်းသွားဝယ်ခိုင်းတယ်ကွာ"
"အင်း......"
ရှောင်းကျန့်ကို ပေကျင်းမှာ နှင်းတွေကျတော့မယ်လို့ စာပို့လိုက်တယ်။ တစ်ဘက်က ချက်ချင်းတော့ စာကိုမမြင်သေးဘူး။ ရိပေါ် ရှောင်းကျန့်ရဲ့ပြန်စာကို စောင့်နေရင်းနဲ့ ဘေးကလောင်ဝေပြောတာတွေက ကြားတစ်ချက် မကြားတစ်ချက်။
'အင်း....သိတယ်'
နေပါအုန်း။ ရှောင်းကျန့်က ပေကျင်းမှာ နှင်းကျတော့မှာကို ဘယ်လိုသိတာလဲ။
'ငါ မင်းနဲ့အတူတူ နှင်းကျတာကို ကြည့်ချင်တယ်'
'ဆူဝမ်ပန်းခြံမှာ ငါစောင့်နေမယ်'
တော်တော်ကြာမှ ပြန်ပို့လာတဲ့စာတိုလေးက ရိပေါ်ရဲ့ရင်ကို ဗလောင်းဗလဲဖြစ်စေတယ်။ ပျော်လွန်းလို့ မြေပေါ်ကနေမြှောက်မတတ်ဘဲ။ ဖုန်းကို အိတ်ထဲမြန်မြန်ထည့်ပြီး ပန်းခြံပြေးဖို့ ဒုန်းစိုင်းရတော့တယ်။
YOU ARE READING
Never Get It Again