48

4.5K 367 7
                                    

Unicode

အိမ်တော်ထဲ ဝုန်းဒိုင်းဝင်လို့ စင်ပေါ်မှာတင်ထားတဲ့အလှပစ္စည်းတွေအပေါ် ဒေါသပုံချလို့နေတဲ့ဝမ်ရှား။ ရိပေါ်မားအနေနဲ့လည်း ကြားဝင်ပြောဖို့အခွင့်အရေးဟာ ရှိမနေဘူး။

စိတ်ရှိလက်ရှိသောင်းကျန်းပြီးတဲ့အခါမှာ အခန်းတစ်ခုထဲ ဝင်သွားပြန်တဲ့ဝမ်ရှား။ ရိပေါ်ကတော့ ဘာခံစားချက်မှ မရှိတဲ့မျက်နှာသေနဲ့ မတ်မတ်ရပ်လို့နေတယ်။

အရိုက်ခံရတဲ့ပါးတစ်ဖက်ကို သာသာအုပ်ကိုင်လာတဲ့ လက်နွေးနွေးတစ်ဖက်။ သေချာတာကတော့ ရိပေါ်မားပဲ။

"နာနေလား သား ၊ ခဏပဲ သည်းခံနော် ၊ မားပြီးရင် ဆေးလိမ်းပေးမယ်"

မား စိတ်ပြေစေဖို့အတွက် ခေါင်းတစ်ချက်သာငြိမ့်ပြလိုက်တဲ့ရိပေါ်က ဟန်ဆောင်ပြုံးရလောက်တဲ့အထိ သူ သရုပ်မဆောင်နိုင်သေးဘူး။

ဂေါက်ရိုက်တံတစ်ခုကို ယူလို့အပြင်ပြန်ထွက်လာတဲ့ဝမ်ရှားကြောင့် သူမ အပြင်းအထန်တားမိတယ်။

"မင်း အထဲဝင်နေ"

သူမ ငြင်းဆိုမိတဲ့အခါ ဒေါသတကြီးတုံ့ပြန်လာတဲ့ဝမ်ရှားကြောင့် ရိပေါ်ဟာ ခေါင်းငြိမ့်ပြလို့ မားကိုသာ အထဲဝင်စေတယ်။

"ဝမ်ရိပေါ် မင်းအမှား ဘာလဲဆိုတာ သိလား"

"ကျွန်တော် သိတယ်"

"သိတယ်ဆိုရင် လက်ခံရဲရမှာပေါ့ ၊ ဟုတ်တယ်မလား"

ဝမ်ရှားရဲ့စကားအဆုံးမှာ ရိပေါ်ဟာ တွေဝေမနေတော့ဘဲ အပေါ်ရှပ်အင်္ကျီကို ဆွဲမလိုက်တယ်။ ဖြူဖွေးကျော့ရှင်းနေတဲ့ကျောပြင်ဟာ အပြစ်အနာအဆာ ကင်းစင်လျက်သား။ မျက်စိမှိတ်လို့ စိတ်လျော့လိုက်ချိန်မှာ ကျောပြင်ပေါ် ရောက်လို့လာတဲ့ရိုက်ချက်တွေ။

"မင်းကိုယ်မင်း ဘာမှတ်နေလဲ"

တစ်ချက်.....

"ငါတို့မိသားစုမျိုးရိုးမှာ မင်းလိုလူမျိုးမရှိခဲ့ဘူး"

နှစ်ချက်....

"မျိုးရိဂုဏ်သိက္ခာကို မင်းမို့ ဖျက်ဆီးတယ်"

သုံးချက်....

Never Get It AgainTempat cerita menjadi hidup. Temukan sekarang