Unicode
စာမေးပွဲပြီးပြီမို့ ရှောင်းကျန့် မားနဲ့အတူတူအဖော်ပြုပေးရမယ်။ ဒါကြောင့် အဆောင်ခန်းထဲမှာရှိတဲ့ စုတ်တံရယ် ၊ ကင်းဗတ်ရယ်နဲ့ စာအုပ်တစ်ချို့ရယ်ကို ကတ်ထူပုံးတစ်ခုထဲသိမ်းနေရတယ်။
သိမ်းနေရင်နဲ့လည်း မားဆီကိုဖုန်းခေါ်နေရသေးတယ်။ ဖုန်းဝင်နေတုန်းမို့ ရှောင်းကျန့် အဝတ်တွေပါ တစ်ခါတည်းဆက်သိမ်းနေတယ်။ ဖုန်းဝင်သွားတာနဲ့ ရှောင်းကျန့် လုပ်လက်စအလုပ်ကိုပစ်ပြီး မားနဲ့ဖုန်းပြောတယ်။
"ဟဲလို မား၊ ကျွန်တော် ရှောင်းကျန့်"
"ကျောင်းတွေပိတ်ပြီမို့ပါ"
"ကိစ္စမရှိပါဘူး မားရယ်"
"ပစ္စည်းတွေကို အိမ်မှာထားပြီးတော့မှ လာခဲ့မယ် မား"
"အင်းး...ညနေလောက်ပေါ့"
"နားလိုက်အုန်း မား"
ရှောင်းကျန့်တို့က ပေကျင်းမှာပဲနေတာ။ ဒါပင်မဲ့ ဆေးရုံတက်နေရတဲ့မားကြောင့် အိမ်မှာသိပ်မနေဖြစ်ကြတော့ဘူး။ ရှောင်းကျန့်ကလည်း ကျောင်းကိစ္စတွေနဲ့ ညနေလောက်မှ ပြန်ရောက်တဲ့အခါ အိမ်ကအမြဲလိုလိုလွတ်နေတတ်တော့တာပဲ။
ဒါကြောင့် ရှောင်းကျန့်အတွက်ရော မားအတွက်ရော အဆင်ပြေတဲ့နည်းက ရှောင်းကျန့် အဆောင်ဌားနေလိုက်တာပဲ။ ကျောင်းဖွင့်ချိန်တွေဆို အိမ်ကိုသော့ခတ်ထားပြီး ရှောင်းကျန့်က အဆောင်မှာနေတယ်။ ကျောင်းပိတ်ရင် အိမ်ကနေမှတစ်ဆင့် မားရှိတဲ့ဆေးရုံကို သွားလိုက်ပြန်လိုက်လုပ်ရတယ်။
အင်း...ဒီလိုလုပ်နေရတာကလည်း မား ဆေးရုံစတက်ကတည်းကပဲ။
...................................................................................ပစ္စည်းတွေသိမ်းပြီးတော့ ခဏနား ၊ ရေချိုးပြီးတော့ ကုတင်ပေါ် ခဏလှဲနေလိုက်တယ်။ ကုတင်ကနေတစ်ဆင့်မြင်နေရတဲ့ပြတင်းပေါက်ကို လှမ်းကြည့်လိုက်တော့ နေသာနေတယ်။ နေပြင်းနေတာလည်းမဟုတ်ဘူး။ နေ့လည်ရောက်နေတာတောင် မနက်နေအတိုင်းပဲ နွေးနွေးလေး။
'တင်'
မက်ဆေ့ချ်သံကြောင့် ဖုန်းကိုကြည့်လိုက်တော့ ရိပေါ်ဆီက စာရောက်လာတာ။ ရှောင်းကျန့်တို့အဆောင်ရှေ့ရောက်နေတယ်တဲ့။ ရိပေါ်စကားကြောင့် အိပ်ရာပေါ်ကကုန်းရုန်းထပြီး ပြတင်းပေါက်နားသွားရပ်ကြည့်တော့ တကယ်ကို ရိပေါ်ကအောက်မှာရောက်နေတယ်။
YOU ARE READING
Never Get It Again