07

5.8K 665 3
                                    

Unicode

ရိပေါ် ရုံးခန်းထဲဝင်လာတာနဲ့တစ်ပြိုင်နက် ပါးရဲ့အတွင်းရေးမှူးက ချက်ချင်းထပြီး နှုတ်ဆက်ရှာတယ်။ ခေါင်းတစ်ချက်သာငြိမ့်ပြပြီး တံခါးကိုဆွဲဖွင့်လို့သာ ပါးရဲ့ရုံးခန်းထဲဝင်သွားတယ်။

ပါးက ရုံးစားပွဲပေါ်က စာရွက်စာတမ်းတွေဆီကနေ ဝင်လာတဲ့ရိပေါ်ကို တစ်ချက်မော့ကြည့်တယ်။ မျက်မှန်ကိုချွတ်ပြီး ဘူးထဲသေချာပြန်ထည့်နေတဲ့ဝမ်ရှားက ကြည့်ရုံနဲ့တင် စည်းကမ်းကြီးမှန်းသိသာလွန်းစေတယ်။

"မင်း နောက်နေ့တွေထဲ သူဌေးဟာရဲ့သမီးနဲ့ သွားတွေ့ရမယ် ၊ အလုပ်ကိစ္စပြောရင်း ညစာစားကြပေါ့"

ရိပေါ် ဆိုဖာရှေ့က စားပွဲပေါ်မှာရှိနေတဲ့သတင်းစာကို အတွေးလွန်နေသူလိုကြည့်နေမိတယ်။ ဟက်.....ဒီအကြောင်းကိစ္စက အိမ်ထောင်ဘက်သွားတွေ့ခိုင်းနေတာပဲမလား။ ရိပေါ်ကို မစဥ်းစားတတ် ၊ မတွေးခေါ်တတ်တဲ့ ဆက်ကျော်သက်ကလေးများ ထင်နေတာလား။

"ရိပေါ် ငါ ပြောနေတာကြားလား"

"ဟုတ်ကဲ့ ၊ ကျွန်တော် သွားတွေ့လိုက်ပါ့မယ်"

သွားတွေ့တာလောက်ကတော့ ကိစ္စမရှိဘူး။ အရေးကြီးတာက ပါး ရှောင်းကျန့်ကို မထိဖို့ပဲ။ တစ်ဖက်ဘယ်မိန်းကလေးကမှ ရိပေါ်ရဲ့စရိုက်ကို သည်းမခံနိုင်ဖူးဘူး။ ရိပေါ်ကလည်း သူတို့တွေကို နံရံတစ်ခုအမြဲခြားထားတယ်။ ဒါပင်မဲ့အဲ့နံရံက ရှောင်းကျန့်အတွက်တော့ စစတွေ့ခြင်းထဲက ပြိုနေခဲ့ပြီးသား။

ခေါ်ရတဲ့အကြောင်းရင်းက ဒါပဲမို့ ရိပေါ် ကိုယ့်အခန်းကိုပြန်လာလိုက်တယ်။ လည်ပင်းမှာတင်းနေသလိုဖြစ်နေတဲ့နက်ကတိုင်ကို တစ်ချက်ဆွဲလိုက်ပြီး စားပွဲပေါ်မှာရှိနေတဲ့ဖုန်းကို ယူလိုက်တယ်။ ရှောင်းကျန့်ကို ခေါ်ဖို့။ ဖုန်းဝင်ပြီး နှစ်စက္ကန့်လောက်မှာပဲ ရှောင်းကျန့်ကိုင်လာတယ်။ ရိပေါ် ပြုံးလိုက်မိသလားပဲ။

"ဟဲလို...."

အသံကတိုးတိုးလေးဖြစ်နေတယ်။ ပြခန်းထဲရောက်နေလို့နဲ့တူတယ်။

"ပြခန်းမှာလား"

"အင်း..."

"ဘာမှမဟုတ်ဘူး ၊ ဒီအတိုင်းပဲ ဆက်လိုက်တာ"

Never Get It AgainWhere stories live. Discover now