နှစ်သစ်ကူးမတိုင်ခင် ခရစ်စ်မတ်လာတာမို့ အဲဒီနောက်ပိုင်း ရက်တွေကို ကျောင်းမတက်ကြတော့ဘူး။ ဆိုတော့ အဲဒီခြောက်ရက်မှာ ရိပေါ်က ရှောင်းကျန့်နဲ့အတူတူ ခရီးသွားဖို့လုပ်ထားတယ်။
တစ်စိမ်းတစ်ယောက်နဲ့ ခရီးသွားတယ်ဆိုတာ ရိပေါ် တစ်ခါမှမလုပ်ဖူးတဲ့အလုပ်။ ငယ်ငယ်တုန်းကလည်း ကျောင်းကလွှတ်တဲ့လေ့လာရေးခရီးတွေဆိုတာလည်း ပါးရဲ့ပယောဂကြောင့် မသွားခဲ့ရဘူး။
"ရိပေါ် ဘာတွေစဥ်းစားနေတာလဲ"
ပန်းကန်ထဲကငါးကို အရိုးနွင်နေရင်းနဲ့ ရှောင်းကျန့်က မေးလာတယ်။ နွှင်ပြီးသွားတဲ့အသားတွေကို ရှောင်းကျန့်က ဂရုတစိုက် တစ်ဝက်ခွဲလိုက်တယ်။ ပြီးတာနဲ့ တစ်ဝက်ကို ရိပေါ်ပန်းကန်ထဲထည့်ပြီး နောက်တစ်ဝက်ကို ရှောင်းကျန့်ထိုင်နေတဲ့ခုံဘေးမှာ ခွေနေတဲ့ကြောင်လေးရှေ့ချပေးတယ်။
သူ့ရှေ့အစာချပေးလာတာနဲ့ ကြောင်လေးက ကုပ်ကတ်ထပြီး အသားမျှင်လေးတွေကို စားတယ်။ စားပွဲခုံကြောင့် သေချာမမြင်ရတဲ့ရိပေါ်က ကြောင်ကို လည်ပင်းမော့လို့လှမ်းကြည့်တယ်။ သူက ကြောင်နဲ့ဘဝတူသွားပြီလား။
"ရိပေါ် စားလေ ၊ ဒူဒူလေးလည်း စားနော်"
သားသည်အမေကြီးလိုမျိုး ရှောင်းကျန့်က လှမ်းဟန့်တယ်။ ပြီးတော့ သူ့ဖို့စာမှာထားတဲ့ လက်တေးကိုထိုင်သောက်နေတယ်။
ရှောင်းကျန့် ထည့်ပေးထားတဲ့ငါးကို ပါးစပ်ထဲထည့်ပြီးတဲ့နောက်မှာ ရိပေါ်က ရှောင်းကျန့်ကို လှမ်းကြည့်တယ်။
"ရှောင်းကျန့် ကော်ဖီတွေ အဲ့လောက်မသောက်ပါနဲ့လား"
ရိပေါ်ရဲ့စကားကို ရှောင်းကျန့်က ပြုံးပြလာတယ်။ မျက်လုံးတွေပိတ်ကျသွားတဲ့အထိပဲ။ သွားရှည်ရှည်လေးတွေလည်း အဆစ်ပေါ့။
"ငါ.....လျော့သောက်မယ်လေ"
ချစ်စရာကောင်းတဲ့ရှောင်းကျန့်ပုံစံက တွေ့ရခဲတယ်။ အပြင်လူတွေကို ဒီလိုပုံစံသိပ်မပြတဲ့ရှောင်းကျန့်က ရိပေါ်ကိုလည်း ခဏခဏမပြပါဘူး။ ဟဲဟဲ...သူလိုချင်တဲ့အခါမျိုးတွေမှပေါ့။
YOU ARE READING
Never Get It Again