30

4.1K 424 11
                                    

Unicode

တက္ကသိုလ်ကျောင်းသားဝမ်ရိပေါ်က အေးတယ်။ ရုပ်ချောသလောက် လူမှုဆက်ဆံရေးကလည်း ညံ့သလားမမေးနဲ့။ ပတ်ဝန်းကျင်ဆိုတဲ့စက်ဝိုင်းလေးထဲမှာလည်း ရိပေါ်က ရှောင်းကျန့်နဲ့လောင်ဝေကိုပဲ ထည့်ထားတယ်။

လူလတ်ပိုင်းအရွယ်ဝမ်ရိပေါ်က အေးစက်တယ်။ မာနရှိတယ်။ စကားတစ်ခွန်းကို ဘယ်တော့မှ လက်လွှတ်စပယ် မပြောဘူး။ အတူတူရှိနေမိရင် အနေရခက်လာစေတဲ့အထိကို ဝမ်ရိပေါ်ရဲ့အရှိန်အဝါက ကြီးတယ်။ ပိုပြီးကြီးလာတဲ့စက်ဝိုင်းကြောင့် အပေါ်ယံမျက်နှာဖုံးတတ်ထားခြင်းက ပုံမှန်လိုဖြစ်နေပြီ။

ကျောင်းတုန်းက ရှောင်းကျန့်က ပန်းပွင့်လေးနဲ့တူတဲ့ကောင်လေးဆို အခုရှောင်းကျန့်က နှင်းစက်နဲ့တူတဲ့လူရွယ်ပဲ။ အရိပ်တကြည့်ကြည့် ကာကွယ်ပေးချင်မိတဲ့စိတ်တွေ ပေါ်လာကောင်းပေါ်လာနိုင်ပင်မဲ့ တစ်ဘက်မှာ တစ်ယောက်တည်း အေးအေးချမ်းချမ်းရှိနေတာက ပိုကောင်းမယ်ဆိုတဲ့စိတ်လည်း ရှိနေနိုင်တယ်။

အအေးဓာတ်နှစ်ခု ထိတွေ့မိတဲ့အခါ
ပိုပြီးအေးစက်လာတာ သဘာဝပဲ
ဒါပေမဲ့ ကြာလာတဲ့အခါ
ဆက်ဆံရေးကျိုးပဲ့သွားနိုင်တာကိုလည်း
သတိပြုမိသင့်တယ်.......

...................................................................................

သော့ခတ်ထားမိတဲ့အခန်းကို ဝင်လာတဲ့အချိန်မှာ အခန်းထဲက ပန်းချီကားတစ်ချို့တစ်လေတောင် ဖုန်တွေတက်နေပြီ။

ပြခန်းကို ဖုန်းဆက်လို့ မနက်ဖြန်လာမဲ့အကြောင်း ပြောလိုက်တယ်။ အခုတော့ အဝတ်တစ်ခုနဲ့အတူ ပန်းချီခန်းထဲကို ရှောင်းကျန့်ပြန်လာခဲ့တယ်။

အခန်းကို ပြန်ရှင်းလိုက်တဲ့အခါ သူ ကျောင်းတုန်းကဆွဲခဲ့တဲ့ပန်းချီကားတွေ ၊ မရောင်းချင်လို့သိမ်းထားမိတဲ့ပန်းချီကားတွေ ပြီးတော့........ဝမ်ရိပေါ်ရဲ့ပုံတူတွေ။

သူ့မွေးနေ့တုန်းက ပေးခဲ့တဲ့ပန်းချီကားကို ဝမ်ရိပေါ် တွေ့ပြီးပါရဲ့လား။ တစ်ခါမှ မပြောတဲ့ပုံထောက်ရင် မြင်ရောမြင်လိုက်ရဲ့လားတောင် မသိဘူး။

ပန်းချီကားတစ်ခုချင်းစီကို သေချာသန့်ရှင်းလို့ စက္ကူစတွေနဲ့ထုတ်ပိုးလိုက်တယ်။ သူများတွေကို ပေးလိုက်မဲ့ပန်းချီကားတွေနဲ့အတူ ဝမ်ရိပေါ်ကိုပေးမဲ့ကားချပ်တွေကိုပါ စီထားလိုက်တယ်။

Never Get It AgainWhere stories live. Discover now