47

4K 346 2
                                    

Unicode

မှောင်လွန်းနေတဲ့အခန်းက အောက်သိုးသိုးအနံ့တွေလည်း ထွက်နေသေးတယ်။ ဒီကောင်တွေ ခေါ်လို့သာ လိုက်လာခဲ့ပင်မဲ့ တကယ်တမ်း ရိပေါ် စိတ်မပါ။

အတွေးတွေက ကျောင်းဂိတ်ပေါက်ဝမှာ တွေ့ခဲ့တဲ့ရှောင်းကျန့်ဆီမှာပဲ ရှိလို့နေတယ်။ နာမည်ခေါ်သံကြားလိုက်ရချိန်မှာ ရိပေါ် ရင်တွေဗလောင်ဆူသွားခဲ့တယ်ဆိုတာကိုတော့ ဝန်ခံပါတယ်။

"ရိပေါ်...ရော့"

သူ့ရှေ့ကို ကမ်းပေးလာတဲ့အရာတစ်ခုကြောင့် မျက်မှောင်ကြုတ်လိုက်မိတယ်။

"မင်းတို့ ဒါ...."

"ဘာလဲ ရိပေါ် ၊ ဒီအကြောင်းတွေ မသိဘဲနဲ့တော့ ငါတို့နဲ့ လာပေါင်းနေတာတော့ မဟုတ်ပါဘူးနော်"

လက်ထဲထည့်ပေးလာတဲ့ ဆေးထိုးအပ်က မကြာသေးတဲ့အချိန်တွေကမှ တစ်ခြားသူတွေရဲ့လက်ဖျံတွေထဲက ထွက်လာတဲ့အရာ။

ရိပေါ်ဟာ ဆိုးချင်ယောင်ဆောင်နေတဲ့ကောင်လေးတစ်ယောက်ပဲ။

"ဒါတွေ....၊ မင်းတို့ မလုပ်....သင့်ဘူး"

ရိပေါ်စကားမှာ သူတို့တွေက ခနဲ့ပြုံးပြုံးလာကြတယ်။ ပခုံးကိုဆွဲဖက်လို့ လက်နဲ့ ခပ်တင်းတင်းညစ်လာတဲ့အားကြောင့် ရိပေါ် အံကြိတ်လိုက်မိတယ်။ လေပြေအေးလေးနဲ့ပြောနေပင်မဲ့ ခြိမ်းခြောက်မှုတစ်ခုပါနေတဲ့လေသံတစ်ခုကလည်း ကပ်စွဲလို့နေတယ်။

"ရိပေါ်...ငါတို့ထဲ ဝင်ပြီးရင် လွယ်လွယ်ပြန်ထွက်ခွင့်မပေးဘူးနော်"

"လုပ်စမ်းပါကွာ ၊ ငါတို့ စိတ်ပျက်အောင် မလုပ်စမ်းနဲ့"

ဆေးထိုးအပ်ထဲက အရည်တစ်ချို့ကို သွန်လို့ အဝေးကို မျက်နှာသေတစ်ခုနဲ့ လွှတ်ပစ်လိုက်တဲ့ရိပေါ်။

"မင်းကများ..."

မျက်နှာထက် လက်သီးတစ်လုံးပစ်ဝင်မလာခင် အမှောင်ခန်းကျဥ်းကျဥ်းလေးထဲကို ဝင်ရောက်လာတဲ့  အလင်းတစ်ချို့နဲ့အတူ ဆူညံမှုတစ်ခု။ တူညီဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ရဲတစ်ချို့ဟာ မူးယစ်ဖမ်းဆီးရေးကဆိုတာ ယုံမှားဖွယ်မရှိဘူး။

"မင်းတို့ကောင်တွေ ငယ်ငယ်လေးတွေနဲ့ကွာ ၊ အလေလိုက်နေတဲ့ကောင်တွေကို အကုန်ဖမ်းပစ်စမ်း"

Never Get It AgainTahanan ng mga kuwento. Tumuklas ngayon