Unicode
"နောက်ဆို ငါနဲ့ကလွှဲပြီး ဘယ်သူနဲ့မှလျှောက်မလည်နဲ့"
"ဟမ်..."
နောက်ပြန်ဆုတ်သွားတဲ့ရိပေါ်က ပြောရခက်နေတဲ့ပုံစံနဲ့ ပွနေတဲ့ဆံပင်တွေကို ကုတ်ဖွလာတယ်။ ရှောင်းကျန့် သောက်လို့ပြီးသွားတဲ့ ပျားသံပုရာခွက်ကို ရိပေါ်က အသာပြန်ဆွဲယူပြီး စားပွဲပေါ် တင်လိုက်တယ်။
"ငါ သဝန်တိုတယ် ရှောင်းကျန့်"
ရုတ်တရက်ကြီးမို့ ရှောင်းကျန့်က ရိပေါ်ပြောတဲ့စကားကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကြည့်နေတယ်။ ရိပေါ်ကလည်း ရှောင်းကျန့် မျက်ဝန်းကြည်ကြည်ထဲက မြင်နေရတဲ့သူ့ရဲ့ပုံရိပ်ကို ကြည့်နေမိတယ်။
"အဟမ်း....."
"အဟမ်း....."
နှစ်ယောက်သားအကြည့်လွှဲပြီး ပူလောင်နေတဲ့လေထုထဲက ရုန်းထွက်လိုက်ကြတယ်။
"ငါ...ငါ...ပြန်တော့မယ်"
"ဟမ်..အေးအေး ၊ ငါ အခန်းရှင်းလိုက်အုန်းမယ်"
အပေါ်ဝတ်အင်္ကျီတွေကို ကောက်ဝတ်နေရင်းနဲ့မှ ရိပေါ်က ရှောင်းကျန့် ကိုမကြည့်ဘဲပြောလာတယ်။ ရှောင်းကျန့်ကလည်း အယောင်ယောင်အမှားမှားနဲ့ ဟိုတယ်ကုတင်ပေါ်မှာရှိတဲ့ စောင်ဖြူဖြူကြီးတွေကို မနိုင်မနင်းခေါက်နေတယ်။
နှစ်ယောက်သားအလုပ်ရှုပ်နေကြတာ လောင်ဝေ့ဆီက ဖုန်းမလာခင်အထိပဲ။
...................................................................................စားသောက်ဆိုင်တစ်ခုရဲ့ဝိုင်းတစ်ဝိုင်းမှာ ကောင်လေးချောချောသုံးယောက်ထိုင်နေတယ်။ စားပွဲဝိုင်းထိပ်မှာ ရိပေါ်က ခြေချိတ်လက်ပိုက်လို့ထိုင်နေတယ်။
ရှောင်းကျန့်ကတော့ ရိပေါ်နံဘေးမှာ ဆိုင်ကချထားပေးတဲ့ အကြမ်းရည်ပန်ကန်လုံးထဲ ရေနွေးကြမ်းတွေကို ညင်ညင်သာသာလေး ထည့်နေတယ်။
ရိပေါ်ရဲ့ရှေ့တည့်တည့်မှာတော့ လောင်ဝေက ဒူးနှစ်ဖက်ပူးလို့ လက်တင်ကာကုပ်ကုပ်လေး ထိုင်နေတယ်။ တစ်ချက်တစ်ချက်မော့ကြည့်မိလို့ ရိပေါ်ရဲ့သိမ်းဌက်မျက်လုံးနဲ့တွေ့ရင် မျက်လုံးကို အောက်ပြန်ချရတာအမော။
YOU ARE READING
Never Get It Again