20

5K 528 10
                                    

Unicode

"လောင်ဝေ"

ရုံးအတွက် လိုအပ်တဲ့စာရွက်တွေကို ရှာနေတုန်း ဝမ်ရိပေါ်ဆီက အသံထွက်လာတယ်။ အိပ်ခန်းထဲကနေ ထော့နဲ့ထော့နဲ့နဲ့ သူ့ဆီလျှောက်လာတယ်။ တစ်ချက်လောက်ကြည့်ပြီး စာရွက်တွေပြန်ရှာနေလိုက်တယ်။

"ရှောင်းကျန့် ဒီလာသေးလား"

"ဟမ်..."

မဖြေချင်တဲ့မေးခွန်းအတွက် လောင်ဝေက ရုံးကို ဖုန်းဆက်ခေါ်ချင်ယောင်ဆောင်တယ်။ တစ်ချက်လောက် ရပ်ကြည့်နေပြီးတဲ့နောက် ရိပေါ်က ခြေတစ်ထောက်ထောက်နဲ့ပဲ ဝရန်တာဘက် ထွက်သွားတယ်။

ဖုန်းကိုင်လျက်သားနဲ့ မျက်စိဒေါက်ထောက်လိုက်ကြည့်နေရတယ်။ နဂိုတည်းက ယူလာတဲ့စီးကရက်တစ်လိပ်ကို ပါးစပ်နားတေ့ပြီး မီးခြစ်နဲ့ခြစ်တယ်။ ပါးစပ်ကနေ မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေ။

ပျောက်ချင်းပျောက် ရှောင်းကျန့်အစား သူသာ ပျောက်ကွယ်သွားလိုက်မယ်။

တစ်ချက်လောက်ရှိုက်အပြီးမှာပဲ ဆေးလိပ်မီးကို သတ်လိုက်တယ်။ ရှောင်းကျန့် မကြိုက်တဲ့အရာတွေကို ထပ်ပြီးတော့တောင် မလုပ်ချင်တော့ဘူး။ အဲဒီညကလည်း....။

"တောက်"

ကိုယ့်ကိုကိုယ်ဒေါသထွက်လာတဲ့စိတ်က လှိုက်တက်လာတယ်။ လောင်ဝေက ဝရန်တာဘက် ထွက်လာပြီး ရိပေါ်ကို ကိုယ်ဖြစ်ကိုယ်ခံဆိုတဲ့ပုံစံနဲ့ ကြည့်နေတယ်။ ရုံးသွားရတော့မဲ့လောင်ဝေက ဝတ်စုံပြည့်နဲ့။

"မင်းတို့ ဘယ်လိုဖြစ်တာလဲ"

ဘယ်လိုဖြစ်တာလဲ...ဟုတ်လား။ လောင်ဝေ့ကို အကြည့်လွှဲလို့ မြင်နေရတဲ့တိုက်တွေဘက်ကို အကြည့်လှည့်တယ်။ သူလည်း မသိဘူး။

ဒီဆယ်နှစ်အတွင်း သူတို့တွေအများကြီး ပြောင်းလဲခဲ့ကြတယ်။ လုယန်က ပေကျင်းတက္ကသိုလ်မှာပဲ ဆရာပြန်လုပ်တယ်။ လောင်ဝေက ကိုယ်ပိုင်ရုံးခန်းတစ်ခုဖွင့်တယ်။ အခုဆို တန်းဝင်ကုမ္ပဏီတစ်ခုအနေနဲ့တောင် ရှိနေပြီ။

ရှောင်းကျန့်က နဂိုဖြစ်ချင်ခဲ့တဲ့ ပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေနိုင်ပြီ။ ဝမ်ရိပေါ်ဆိုတဲ့သူကတော့ မွေးလာတည်းက ချမှတ်ထားတဲ့ကံကြမ္မာအတိုင်း ပါးရဲ့ကုမ္ပဏီအောက်မှာ အောက်ခြေကနေ စခဲ့တယ်။

Never Get It AgainWhere stories live. Discover now