26

3.9K 431 5
                                    

Unicode

ခေါက်ဆွဲပန်းကန်ကို မျက်နှာအပ်လို့ အားရပါးရစားနေတဲ့ ကောင်လေးနှစ်ယောက်။ ချစ်ဖို့ကောင်းတဲ့ကောင်လေးနှစ်ယောက်ကို ဆိုင်ရှင်အဒေါ်ကြီးက ဟင်းရည်ပါအစစ်ပေးလေရဲ့။

အခုမှ ပူပူနွေးနွေးလာချထားတဲ့ဖက်ထုပ်ကို တူနဲ့ညှပ်ယူလို့ ရှောင်းကျန့်က ရိပေါ်ရဲ့ပန်းကန်ထဲကို ထည့်ပေးတယ်။ ရှောင်းကျန့်ကို တစ်ချက်ပြုံးကြည့်ပြီးတဲ့နောက် ရိပေါ်က ချက်ချင်းပဲ ဖက်ထုပ်ကို ကောက်ယူလို့စားလိုက်တယ်။

တူကိုချပြီးတဲ့အခါ ပြည့်သွားတဲ့ဗိုက်ကို ရိပေါ်က ခပ်သာသာပုပ်တယ်။ ရှောင်းကျန့်ကတော့ ဒူဒူ့ကို နို့ဘူးလေးနဲ့နို့တိုက်ပေးနေတယ်။ ထိုင်ခုံကို နောက်မှီထိုင်လို့ ခြေထောက်တွေကို ဆန့်ထုတ်လိုက်တယ်။ သူ အများကြီးစားမိသွားတာပဲ။

ပလက်ဖောင်းပေါ် ကောင်လေးနှစ်ယောက် ယှဥ်သွားလို့နေတယ်။ ကြောင်လေးကို ပွေ့ပိုက်ထားတဲ့ကောင်လေး ဘေးမှာ နေပူမှာစိုးလို့ ထီးတော်မိုးပေးနေတဲ့ကောင်လေးရှိတယ်။

ကျောင်းပိတ်ရက်ဆိုတော့ ထူးထူးခြားခြားဘာမှလုပ်စရာကလည်း မရှိဘူး။ ဒါပင်မဲ့ ရှောင်းကျန့်ကတော့ စွမ်းရည်စစ်ပွဲရှိတယ်လို့တော့ပြောတာပဲ။

ရိပေါ် စဥ်းစားနေတာ အဆောင်မပြန်တော့ဘဲ အပြင်မှာပဲ အချိန်ဖြုန်းပြီး ရှောင်းကျန့်ကို ညစာဝယ်ကျွေးလိုက်မလားလို့။

"ညစာ ဘာစားမလဲ ရှောင်းကျန့် ၊ ဒီတစ်ခါ ငါ ဝယ်ကျွေးမယ်"

"အင်း........."

"ရှောင်းကျန့်....ရိပေါ်...."

ကြည့်လိုက်တဲ့အခါ တွေ့လိုက်ရတာက လောင်ဝေ။ ဈေးဝယ်ပြန်လာပုံပဲ။ ရှောင်းကျန့်တို့ကိုလည်းတွေ့ရော ဘေးကစတိုးဆိုင်ထဲ တစ်ချက်ကြည့်ပြီး ရိပေါ်တို့ဆီ ကပျာကယာပြေးလာတယ်။

"ရိပေါ် ငါ့ကို ကယ်ပါ"

"အမ်..."

ကြောင်အလို့မှမဆုံးသေးဘူး။ စတိုးဆိုင်ထဲကနေ ထွက်လာတဲ့အန်တီကြီးတစ်ယောက်။ လောင်ဝေရှေ့တည့်တည့်ရောက်လာပြီး နားရွက်ကို အားရပါးရဆွဲတော့တာပဲ။

Never Get It AgainDove le storie prendono vita. Scoprilo ora