"ရိပေါ် လာပြီလား ၊ ဒီမှာလာထိုင်"
ဝန်ထမ်းဖြစ်ပုံရတဲ့ကောင်မလေးက ကုတ်အင်္ကျီအပေါ်ထပ်ကို ချွတ်ပေးဖို့ ခြေလှမ်းတဲ့အခါ ခေါင်းတစ်ချက်ငဲ့ကြည့်လို့ လက်ကာငြင်းကာ ကိုယ်ကိုတိုင် အပေါ်ကုတ်အရှည်ကို ချွတ်ပြီး ဆိုဖာလက်ရန်းပေါ် တင်လိုက်တယ်။
ရုံးကနေ တိုက်ရိုက်လာပုံရတဲ့ ရိပေါ်က မျက်နှာသုန်မုန်လို့နေတယ်။ ဆိုဖာပေါ်ထိုင်လို့ ရှပ်အဖြူကို လိပ်တင်ထားကာ အန်တီလေးဘေးနား ငြိမ်ငြိမ်သက်သက်ပဲ ထိုင်နေတယ်။
"လူစီ အခုပဲ ဝင်သွားတယ်"
"ဟုတ်"
လေသံမာတယ်လို့ ပြောလို့မရတဲ့လေသံနဲ့ ပြန်ဖြေလာသော်လည်း စိတ်တိုလို့မရဘူး။ နဂိုတည်းက ရိပေါ်က ဒီပုံစံပဲမလား။
ကုတ်အင်္ကျီလက်ပြတ်ကို အောက်ထပ်က တစ်ထပ်ခံဝတ်ထားသေးတာမို့ ရိပေါ်က အရင်နေ့တွေတုန်းကထက် တစ်မျိုးဆန်းလို့နေတယ်။
(There will be no bow tie)
လိုက်ကာနောက်က သတို့သမီးဝတ်စုံကို သိမ်းနေတဲ့ကောင်မလေးတွေတောင် ရိပေါ်ကို တကြည့်ကြည့်နဲ့။ စိတ်မဝင်စားစွာပဲ ရိပေါ်ကတော့ ခြေချိတ်ထိုင်ကာ ဆိုဖာနောက်ခေါင်းမှီလို့ မျက်လုံးတွေ မှိတ်ထားတယ်။
အချိန်တွေ မြန်မြန်ကုန်စေချင်နေပြီ။
"ဟယ်....လှလိုက်တာ သမီးရယ်"
လိုက်ကာနောက်က ထွက်လာတဲ့လူစီက တကယ်လည်း လှပါတယ်။ ပခုံးပေါ် ဂါဝန်လေးက ဘာတန်ဆာပလာမှမပါဘဲ ရိုးရိုးရှင်းရှင်းလေးနဲ့ အသရေတင့်တယ်လို့နေတယ်။
ရှက်နေပုံရတဲ့လူစီက ရိပေါ်ကို တစ်ချက်လှမ်းကြည့်တယ်။ ရေလိုငြိမ်နေတဲ့မျက်ဝန်းတွေထဲ လှုပ်ရှားမှုတစ်ခုခုကို ရှာဖွေမိလို့နေတယ်။ ဒါပင်မဲ့ ဗလာနတ္ထိ။
YOU ARE READING
Never Get It Again