08

5.7K 628 8
                                    

Unicode

ညဆယ့်နှစ် ဒေါင်ဆိုတာနဲ့ ဖုန်းသံတတင်တင်က အဆက်မပြတ်မြည်လာတယ်။ ကုမ္ပဏီစာရင်းတွေ လုပ်နေရင်းကနေ စိတ်ရှုပ်လာတာမို့ ဖုန်းကိုပိတ်လိုက်တယ်။ မပိတ်ခင်မှာ တစ်ယောက်ယောက်များ ပို့ထားတာရှိလားဆိုပြီး မျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်သေးတယ်။

ဒီနေ့က ရိပေါ်မွေးနေ့ဆိုပင်မဲ့ ပုံမှန်နေ့တွေအတိုင်းပဲ။ ထူးခြားတာကတော့ မနေ့တည်းကနေ အခုမနက်ရောက်တဲ့ထိ သူ့ရဲ့ရုံးခန်းထဲကနေ မထွက်ရသေးတာပဲ။

မွေးနေ့မှာ ရိပေါ်လုပ်ချင်တာက ရှောင်းကျန့်နဲ့အတူ မနက်ကနေ မိုးချုပ်တဲ့အထိအတူတူပူးပူးကပ်ကပ်နေချင်တာပဲ။ ဒါပင်မဲ့ ရှောင်းကျန့်ကလည်း အလုပ်ကိစ္စနဲ့ ဒီမနက်ပဲ လန်ဒန်ကိုသွားရမယ်။ ဆိုတော့.....ရိပေါ် လုပ်ဖို့ကျန်တာက အိမ်တော်ပြန်ပြီး ညစာစားတာပဲရှိမယ်။ ရိပေါ်က အိမ်ခွဲမနေဘူး။ အခုချိန်ထိ မိသားစုနဲ့ပဲနေနေတာ။

"ဆရာ....."

စာရွက်တွေကြည့်နေရင်းကနေ မော့ကြည့်တော့ အတွင်းရေးမှူးမလေးက ​လေးထောင့်ဖြစ်ဟန်တူတဲ့ပြားချပ်ချပ်ပစ္စည်းလေးကို သယ်လာတယ်။ ပါကင်နဲ့သေချာပိတ်ထားတာမို့ ဒါ ရိပေါ်ကို ပေးတဲ့မွေးနေ့လက်ဆောင်ပဲနေမယ်။

"ဟိုထောင့်မှာပဲ ထားထားလိုက်"

အခန်းထောင့်မှာ မိတ်ဖက်ကုမ္ပဏီတွေ ၊ လုပ်ဖော်ကိုင်ဖက်တွေကနေပေးထားတဲ့ လက်ဆောင်တွေကို ဖွင့်တောင်မကြည့်ဘဲ ပုံထားတယ်။ သေချာတယ်။ ပြီးရင် အဲဒါတွေ ဖွင့်မကြည့်ဘဲ ရုံးခန်းနောက်မှာပဲရှိတဲ့ စတိုခန်းလေးထဲပဲ ရောက်နေလိမ့်မယ်။

ညနေ အိမ်တော်အပြန် မီးပွိုင့်စောင့်နေရင်းနဲ့မှ ရှောင်းကျန့်ကို ဖုန်းဆက်ဖို့ကြံသေးပင်မဲ့ လေယာဥ်ပေါ်မှာပဲရှိနေသေးမယ်ထင်တာကြောင့် ဖုန်းကိုပြန်ချလိုက်တယ်။ ရှောင်းကျန့်အခုထိ သူ့ကို မွေးနေ့မဆုတောင်းပေးသေးဘူး။

အိမ်တော်ရောက်တော့ မားက ညစာကို ပြင်တုန်းရှိသေး။ ရိပေါ်ရဲ့အဒေါ်တွေနဲ့အတူ။

"အသားကို ဝိုင်နီနဲ့ နှပ်ထားရဲ့လား"

ပါးစပ်တစ်ပေါက်နဲ့ပဲအလုပ်လုပ်နေတဲ့ဒေါ်လေးကို ကျော်ပြီး ရိပေါ် မားကို ပွေ့ဖက်နှုတ်ဆက်လိုက်တယ်။ ပြီးမှ ဒေါ်လေးတို့ကို နှုတ်ဆက်ဖော်ရတယ်။ မားကိုသာ နှိမ်ချင်ကြပင်မဲ့ ရိပေါ်ကိုတော့ အိမ်တော်ရဲ့ဆက်ခံသူဆိုပြီး လိုလေသေးမရှိဂရုစိုက်ပေးတယ်။ ဒါပင်မဲ့လည်း ဒီလိုဆက်ဆံပုံမျိုး ရိပေါ်ကတော့ မကြိုက်ပါဘူး။

Never Get It AgainWhere stories live. Discover now