ချိန်းဆိုထားမှုတစ်ခုကြောင့် ရှောင်းကျန့် စက္ကူပုံးတစ်ခုနဲ့အတူ အပြင်ထွက်လာခဲ့တယ်။ ကားတွေဘာတွေလည်း ယူမနေချင်တာကြောင့် အေးအေးဆေးဆေး ပုံးမပြီးသာ ဘတ်စ်ကားဂိတ်ထွက်လာခဲ့တယ်။
အိမ်ကနေမှ ထွက်လာခဲ့တာမို့ ဆွယ်တာအဖြူကိုပဲ ရိုးရိုးရှင်းရှင်းဝတ်လာခဲ့တယ်။ လမ်းတစ်လျှောက် လေပြေတိုက်နေတာမို့ စိတ်ထဲနေရတာ နည်းနည်းသက်သာနေသလိုပဲ။
မှတ်တိုင်ကိုရောက်တော့ ရှောင်းကျန့်အပြင် ကျောင်းသူအရွယ် ကလေးမလေးတစ်ယောက်ပဲရှိတယ်။ ဖုန်းကိုသည်းသည်းမဲမဲ အာရုံစိုက်နေတာမို့ မျက်လုံးထိခိုက်မိမှာတောင် မဆီမဆိုင် စိုးရိမ်မိသွားသေးတယ်။
ရှောင်းကျန့် ဘေးမှာထိုင်လိုက်တာတောင် ကလေးမလေးက အာရုံရှိမနေဘူး။
"အိုက်ယား လိုက်ဖက်လိုက်ကြတာ"
ဘေးနားထွက်လာတဲ့အသံမို့ ရှောင်းကျန့် ဘေးတစ်ချက်ကြည့်လိုက်မိတယ်။
ရှောင်းကျန့် ကြည့်နေတာကိုသတိထားမိသွားလို့နဲ့တူတယ်။ ကလေးမလေးက ရှောင်းကျန့်ကို ကြည့်ပြီးရယ်ပြလာတယ်။
"စော်ဘွားမျိုးရိုးတစ်ခုက သားနဲ့ ကုမ္ပဏီပိုင်ရှင်ရဲ့သမီးနဲ့ စေ့စပ်တော့မယ်တဲ့"
"ဟုတ်လား"
ကလေးမလေးက သွက်သွက်လေးမို့ ရှောင်းကျန့် ညီမလေးတစ်ယောက်လို ခင်မိတာတော့ အမှန်ပဲ။ ကလေးမလေး ပြောသမျှကို ရေလိုက်ငါးလိုက်ပြန်ပြောပေးနေတယ်။
"ဟုတ်တယ် ကောကောရဲ့ ၊ စေ့စပ်မဲ့အစ်ကိုကြီးက တော်တော်ချောတာ ၊ သူ့ကောင်မလေးနဲ့တောင် မတန်သလိုပဲ"
ရှောင်းကျန့် တစ်ချက်ပြုံးလိုက်မိတယ်။ သတို့သမီးကိုတောင် အားနာမိသွားတယ်။
ကလေးမလေးက ဖုန်းကိုကြည့်နေရင်းနဲ့မှ ရှောင်းကျန့်ကို လှမ်းလှမ်းကြည့်လာတယ်။ ရှောင်းကျန့် ပြုံးလိုက်မိတယ်။
"ဘာတွေ ဒီလောက်ကြည့်နေတာလဲ ကလေးမ"
"ဟီး...မဟုတ်ပါဘူး ၊ စေ့စပ်မဲ့အစ်ကိုကြီးက ဒီကကောကောနဲ့တောင် ခပ်ဆင်ဆင်ပဲနော်"
YOU ARE READING
Never Get It Again