36

3.9K 403 11
                                    

မားကို ကိုယ်လက်သန့်စင်ပြီးတဲ့နောက်မှာ ကုတင်ပေါ်ကို နေရာတကျ ပြန်ချပေးလိုက်တယ်။ မားအိပ်နေတဲ့ကုတင်ဘေးနားမှာ ပြတင်းပေါက်ရှိတယ်။ မွန်းကြပ်လာတဲ့အခါတိုင်း ပြတင်းပေါက်ဖွင့်ပြီး လေညင်းခံရတာကို မားက သဘောကျတတ်တယ်။

ပြတင်းဘောင်က ကုတင်ပြင်နဲ့ တအားနီးနေတဲ့အခါ လန်ကျမှာကို ရှောင်းကျန့်ခမျာ ခဏခဏ စိုးရိမ်ရတယ်။ ဒါကြောင့်မို့ ကုတင်ကို ပြတင်းပေါက်နဲ့ ဝေးရာရွေ့တဲ့အခါ မားက စိတ်တိုတတ်တာကြောင့် မရွေ့ရဲတော့ဘဲ အရိပ်တကြည့်ကြည့်ပဲ နေရတော့တယ်။

အခုလည်း ရှပ်လက်ရှည်ကို ခေါက်တင်ပြီး ရေဇလုံကိုင်လို့ သန့်စင်ခန်းဘက် ထွက်လာတယ်။ မားအတွက် ဆေးရုံကချပေးထားတဲ့ မနက်စာကို သွားယူရအုန်းမယ်။

ဆေးရုံဆွဲတံခါးကိုအဖွင့် အဝင်ဝမှာ သန့်သန့်ပြန့်ပြန့်ရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့တွေ့တယ်။ သေချာတာပေါ့။ ရိပေါ်ရဲ့မားပဲ။

အန်တီက ရှောင်းကျန့်ကို တွေ့တာနဲ့ ကိုးရီးယားကားတွေထဲကလို မာမာထန်ထန်ကြည့်မလာဘူး။ ရိပေါ်ရဲ့အေးစက်စက်အမူအရာတွေနဲ့ဝေးစွာ နူးနူးညံ့ညံ့ပြုံးပြလာတယ်။

"အန်တီတို့ တစ်နေရာသွားရအောင် သား"

အရှေ့ကထွက်သွားတဲ့ရိပေါ်ရဲ့အမေကို ကြည့်ပြီးတော့ ရှောင်းကျန့် မားကို ပြန်လှမ်းကြည့်မိတယ်။ မားက ရှောင်းကျန့်ကိစ္စအဝဝကို မသိဘူး။ မသိဘူးဆိုတာထက် ရှောင်းကျန့်က မပြောပြတာဆို ပိုမှန်မယ်။

စိတ်ဆင်းရဲစရာတွေကို ပြောနေဖို့လည်း မားရဲ့ကျန်းမာရေးအခြေအနေက ခွင့်မပြုဘူး။ ရိပေါ်အကြောင်းကို ရှောင်းကျန့် ခဏခဏပြောပြနေလို့သိပင်မဲ့ ဒါဟာ အချစ်ဆုံးသူငယ်ချင်းဆက်ဆံရေးအနေနဲ့ပဲ။

ကုတင်ပေါ်မှာ လဲနေတာ သေချာမှ ရှောင်းကျန့် အန်တီ့နောက်လိုက်လာခဲ့တယ်။

...................................................................................

"အန်တီ့ကို သိတယ်မလား"

"ဟုတ် ၊ ရိပေါ် မားပါ"

မှာထားတာတွေလာချပေးလို့ ကြည့်မိတဲ့အခါ ရှောင်းကျန့်ကတော့ ထုံးစံအတိုင်း ကော်ဖီခါးခါးပင်မဲ့ ရိပေါ်မားကတော့ နွားနို့ပူပူလေး။ ရှောင်းကျန့်ကြည့်နေတာကို သိတဲ့အခါ ကော်ဖီမကြိုက်လို့ဆိုတဲ့ အကြောင်းပြချက်လေးပေးလေရဲ့။

Never Get It AgainWhere stories live. Discover now