32

3.8K 435 18
                                    

Unicode

"ရှောင်းကျန့်"

အခန်းထဲ ဝင်ဝင်လာခြင်းမှာပဲ ဆိုဖာပေါ်ထိုင်လို့ ခေါင်းငုံ့နေတဲ့ရှောင်းကျန့်ကြောင့် ရိရှင်း စိတ်ပူမိသွားတယ်။ ခပ်မြန်မြန် အနားသွားလို့ ငုံ့လို့နေတဲ့ခေါင်းကို သူ့ပခုံးပေါ်တင်စေတယ်။

"ခေါင်းငုံ့နေရင် ပိုမူးမယ်"

ယူလာတဲ့အိတ်ထဲကနေ အသင့်ဆောင်ထားတတ်တဲ့ဆေးကို တိုက်ရတယ်။ စကားတောင် မပြောနိုင်ဘဲ အံ့ကြိတ်လို့တင်းခံနေတဲ့ကိုယ်တော်လေးကြောင့် ဆိုဖာပေါ် လှဲချစေပြီး သွေးပေါင်ချိန်ဖို့ပြင်ရတယ်။

"မင်း ဆေးတွေ သေချာမသောက်ဘူးလား"

ပြောလည်းပြော စားပွဲပေါ်တင်ထားတဲ့ ဆေးဘူးကို ဖွင့်ကြည့်လိုက်တယ်။ ရက်အတိအကျနဲ့ ပေးခဲ့တဲ့ဆေးတွေက ပိုနေပုံထောက်ရင် မသောက်တဲ့နေ့တွေလည်း ရှိတယ်လို့ဆိုလိုတာပဲ။

"ကျွန်တော် အစားတော့ ရှောင်ဖြစ်ပါတယ် ကောရယ်"

"ဒီရောဂါကို အစားရှောင်ရင် ဘာမှမစားဖို့ပဲရှိမယ် ၊ ဆေးမသောက်တာလည်း မသောက်တာပင်မဲ့ အစားလေးဘာလေးလည်း စားစမ်းပါကွာ ၊ မင်းနှယ် ပိန်သွားတာ မြင်မကောင်းဘူး"

ရိရှင်းကောရဲ့ အစိုးရိမ်လွန်နေတဲ့ပုံစံကြောင့် ရှောင်းကျန့် ပြုံးလိုက်မိတယ်။ ရိရှင်းကောက အရင်နှစ်တွေက ရှောင်းကျန့် မားကိုပြောခဲ့တဲ့ပုံစံတွေကို ပြန်မြင်ယောင်မိစေတယ်။

"ရယ်မနေနဲ့ ၊ မင်း ကြပ်ကြပ်လုပ် ၊ ငါ ဘယ်လောက်ပြောပြော မင်း နားမဝင်ဘူးကွာ"

"ဘာလို့ရောက်လာတာလဲ ကော"

သွေးပေါင်ချိန်တိုင်းကိရိယာကို ပြန်သိမ်းနေတဲ့ရိရှင်းက ရှောင်းကျန့်စကားကြောင့် မျက်လုံးလှန်ကြည့်လာတယ်။

"မင်း ဆေးရုံမလာမှန်းသိလို့ ငါ လာခဲ့တာ ၊ ဆေးတွေယူလိုက် ၊ ရော့...တစ်လစာ"

"အားနာစရာကြီး"

တကယ်ကို အားတုံ့အားနာပြောလိုက်တဲ့ ရှောင်းကျန့်ကို ရိရှင်းက ပါးချိုင့်တွေပေါ်လာတဲ့အထိ ရယ်ရင်း ရပါတယ်ကွာလို့ ပြန်ပြောတယ်။

Never Get It AgainWhere stories live. Discover now