14

4.8K 539 3
                                    

Unicode

"စောင့်နေရတာကွာ"

လောင်ဝေပြောနေတာကို ဂရုမစိုက်ဘဲ လွယ်လာတဲ့လွယ်အိတ်ကို လောင်ဝေရှေ့ကခုံမှာ တင်လိုက်တယ်။ သူ ရေဆာနေတယ်။ အေးအေးလေးလည်း သောက်ချင်နေတယ်။

ကောင်တာရှေ့ရောက်တော့ ဆိုင်ရှင်အစ်ကိုက အမှာစာတွေဖျော်နေရင်းကနေ လှည့်ကြည့်ပြုံးပြလာတယ်။

"Chocolate milk ပဲလား ညီလေး"

အပေါ်ကဘုတ်မှာပြထားတဲ့ကော်ဖီအမျိုးအစားတွေကို သေချာကြည့်နေမိတယ်။ ကော်ဖီကို ရှောင်းကျန့်က ထမင်းနဲ့လဲစားရမယ်ဆိုရင်တောင် စားမှာ။ ရှောင်းကျန့်ကြိုက်တဲ့အရာကို သူလည်းကြိုက်ဖို့ ကြိုးစားသင့်တယ်မလား။

"ကျွန်တော့်ကို အမေရိကာနိုတစ်ခွက် အစ်ကို"

ဒါ ရှောင်းကျန့် အကြိုက်ဆုံးတွေထဲကတစ်ခု။ ရိပေါ်ရဲ့စကားကြောင့် အစ်ကိုကြီးက လှည့်ကြည့်လာတယ်။ မယုံနိုင်တဲ့မျက်လုံးတွေနဲ့။

"ခါးမှာနော် ၊ ညီလေးကျန့် သောက်လို့သောက်ချင်တယ်ဆိုရင် အမေရိကာနိုကနေတော့ မစလိုက်ပါနဲ့ ၊ ချိုချိုပူပူ ကာပူချီနိုကနေ အရင်စမ်းကြည့်ပါလား"

ဆိုင်ရှင်အစ်ကိုစကားကြောင့် ရိပေါ် မျက်နှာရှိန်းခနဲဖြစ်သွားတယ်။ သူ အဲ့လောက်တောင် သိသာနေလား။ တစ်ခါမှ ဝတ်ကျေတန်းကျေတောင် မပြုံးဖူးတဲ့ဆိုင်ရှင်အစ်ကိုကို ရိပေါ် အရှက်ပြေပြုံးလိုက်မိတယ်။ အစ်ကိုကြီးကတော့ နားလည်ပါတယ်ဆိုတဲ့ပုံစံနဲ့ ရယ်တယ်။

"အစ်ကို ပြောသလိုပဲလုပ်လိုက်ပါ"

နေရာပြန်ရောက်လာတော့ လောင်ဝေက ကိတ်ပေါ်မှာတင်နေတဲ့ချိစ်တွေကို အသည်းအသန်ဖယ်နေတာနဲ့ ကြုံတယ်။

"ချိစ်မစားချင်ရင် အစထဲကချိစ်ကိတ် မမှာနဲ့လေ လောင်ဝေ"

တစ်မျှင်ချင်းဖယ်ပြီးသွားတဲ့ချိစ်တွေ မရှိတော့တဲ့ကိတ်မုန့်သားလေးကို လောင်ဝေက အသည်းအသက်လို ဇွန်းလေးနဲ့သာသာလေးဖဲ့တယ်။ ရွှေမှုန်စားလိုက်ရတဲ့မျက်နှာပေးကို လုပ်ပြီးချိန်မှာ ရိပေါ်ကို နှာမှုတ်တယ်။

Never Get It AgainWhere stories live. Discover now