ရေနွေးစက်ကနေ ဖြာထွက်လာတဲ့အငွေ့တွေက ကုတင်ဘေးနားမှာ တွေ့နေရတယ်။ ရှောင်းကျန့်ရဲ့ကိုယ် ဘေးနားကျနေတဲ့ လက်တစ်ဖက်ကို ရိပေါ်က သူ့ရဲ့လက်ဖဝါးကြီးကြီးနှစ်ခုကြားထဲ ဆုပ်ထွေးလို့ထားတယ်။
မှေးစင်းကြနေတဲ့မျက်တောင်တွေကိုကြည့်ရတာ မသက်သာလိုက်တာ။ အာဟာရပြတ်လောက်အောင်အထိ ဘာတွေများစိတ်ညစ်နေရတာလဲ။ သူ့ကို နည်းနည်းလေးတောင် မဝေမျှပေးတဲ့ရှောင်းကျန့်က အကျင့်ပုတ်လိုက်တာနော်။
"ဟက်"
ခြောက်ကပ်ကပ်အသံက ဆေးရုံရဲ့ဗီအိုင်ပီအခန်းထဲ ရုတ်တရက်ထွက်လာတယ်။ သူ အခုမှ သတိရမိတယ်။ ဒီပြသာနာရဲ့အစက သူ ဖြစ်နေနိုင်တာပဲ။ သူကြောင့်သာ ရှောင်းကျန့် ဒီအခြေအနေဖြစ်သွားတာ။
ရှောင်းကျန့်ရဲ့မျက်နှာကို တစ်ချက်ကြည့်လိုက်တယ်။ ဒီနှစ်ပိုင်းတွေမှာ အမြဲတမ်းတွန်ချိုးလို့နေတဲ့မျက်ခုံးတစ်စုံက အခုတော့ပြေလျော့လို့နေတယ်။
ပြသာနာဖြစ်တိုင်း တစ်ခုခုပြောမယ်ကြံနေတတ်တဲ့နှုတ်ခမ်းဟာလည်း ဖြူဖျော့လို့နေတယ်။ ရိပေါ် သူရဲ့လက်တစ်ဖက်ကို ရှေ့တိုးလို့ ရှောင်းကျန့်ရဲ့နှုတ်ခမ်းကို သာသာထိဖွနေမိတယ်။
"တောင်းပန်ပါတယ် ရှောင်းကျန့်"
နာရီသံတစ်ချက်ချက်ကပဲ အခန်းတွင်းကြားနေရတယ်။ နောက်ပြီး ရိပေါ်ရဲ့သက်ပြင်းချသံ။ ဆွဲကိုင်လို့ထားတဲ့လက်လေးကို ပိုလို့ဆွဲယူပြီး နှုတ်ခမ်းနားတေ့လို့ ဖိကပ်နမ်းရှုပ်နေမိတယ်။
"ငါ မင်းပြောသမျှ အကုန်နားထောင်ပါ့မယ် ၊ ဒါပင်မဲ့...ဒါပင်မဲ့...လမ်းခွဲမယ်ဆိုတဲ့စကားကို နောက်တစ်ခါထပ်မပြောပါနဲ့ကွာ"
အပြင်မှာ လိုအပ်တာတွေကိုစစ်ဆေးမဲ့ရိရှင်း တံခါးနားမှာ ရပ်လို့နေတယ်။ ကြားနေရတဲ့စကားတွေက ဘေးလူအတွက်တောင် နားထောင်ရတာ စိတ်မကောင်းဖြစ်စေတယ်။
အလုပ်က အလုပ်ပဲမို့ အခန်းတံခါးခေါက်လို့သာ ပါးချိုင့်တစ်ဖက်ခွက်ဝင်လို့နေတဲ့အပြုံးနဲ့ ဝင်သွားလိုက်တယ်။
"ဝမ်ရိပေါ်...ရှောင်းကျန့် သတိရပြီလား"
ဘယ်လောက်တောင်မှ သတိမရှိလဲဆို သူ့နာမည်ကိုသိနေတဲ့ ရိရှင်းကိုတောင် ဘယ်လိုသိနေလဲ မမေးနိုင်ဘူး။