"ဟေ့ကောင်"
ခေါင်မိုးထပ်ရဲ့အစွန်အဖျားမှာ အကြောက်အလန့်မရှိထိုင်လို့ ဆေးလိပ်မီးညှိဖို့ပြင်နေတဲ့ ရိပေါ်ကို လောင်ဝေ လှမ်းခေါ်လိုက်တယ်။
တစ်ချက်သာ လှည့်ကြည့်လို့ မီးခြစ်ကို တခြစ်ခြစ်နဲ့လုပ်နေလေရဲ့။ ဆေးလိပ်မှာ မီးစွဲသွားတဲ့အခါ တစ်ဝကြီးရူသွင်းလိုက်တဲ့ရိပေါ်ကို လောင်ဝေက မျက်မှောင်ကြုပ်လို့ ကြည့်နေတယ်။
"အဟွတ်..အဟွတ်..ဟွတ်"
ပထမဦးဆုံးအကြိမ်မှာ ဘယ်သူမဆို အဆုတ်ထဲဆေးလိပ်ငွေ့ဝင်တာကို မခံနိုင်ကြဘူး။ ဒါပင်မဲ့ ဝမ်ရိပေါ်က ပိုဆိုးနေတယ်။ လက်ထဲက ဆေးလိပ်ကို ယူလို့ လောင်ဝေ မီးသတ်ဖို့ပြင်တယ်။ အားပြင်းတဲ့လက်တစ်စုံက လက်ကောက်ဝတ်ကို ဖိကိုင်လို့ လက်ထဲက ဆေးလိပ်ကို ပြန်ဆွဲယူလို့ သောက်ပြန်တယ်။
"ဝမ်ရိပေါ်...ကျစ်...မင်း ဘာဖြစ်နေတာလဲကွာ"
ခပ်ညစ်ညစ်အကြည့်နဲ့အတူ ခနဲ့သံတစ်ခုကလည်း ထွက်ပေါ်လာတယ်။ ခပ်မိုက်မိုက်ကြည့်နေတဲ့ရိပေါ်ရှေ့ကို လွယ်အိတ်ထဲက စာအုပ်တစ်ချို့ဆွဲယူလို့ ပစ်ပေးလိုက်တယ်။
"လက်ချာ အသစ်တွေ ၊ ငါ မှတ်ပေးထားတယ် ဟေ့ကောင်"
"အင်း"
မနေသာတော့တဲ့လောင်ဝေက ရိပေါ်ဘေးနားပစ်ထိုင်လို့ ခြေတွဲလွှဲ လွှဲနေတယ်။ မြင့်လွန်းတဲ့ခေါင်မိုးထပ်က အောက်ကို ငုံ့ကြည့်တာနဲ့ အသည်းယားချင်စရာ။
"ပြုတ်ကျမယ်နော်"
အကြည့်တောင်ရောက်မလာတဲ့ရိပေါ်က လောင်ဝေကို Toneမရှိတဲ့လေသံနဲ့ လှမ်းပြောလာတယ်။ လှည့်ကြည့်လိုက်တဲ့အခါ သောက်နေလက်စဆေးလိပ်ဟာ မြေကြီးပေါ်မှာ မီးသတ်လျက်သား။
လက်ခုံနဲ့လက်ဆစ်နေရာတွေမှာ သွေးစတွေကို မြင်တဲ့အခါ လောင်ဝေ ပခုံးကိုဆွဲကိုင်လို့ မျက်နှာချင်းဆိုင်လှည့်ယူလိုက်တယ်။
"ချီးပဲ...ရန်ဖြစ်ပြန်ပြီလား ခွေးလေး"
"ဖယ်စမ်းပါ"
"ဒီလိုတွေ ဘာလို့လုပ်နေတာလဲ ရိပေါ် ၊ ရှောင်းကျန့် မကြိုက်မှန်း သိရက်နဲ့..."
YOU ARE READING
Never Get It Again