"ဆရာရှင်း"
အခန်းထဲကနေ အခုမှထွက်လာတဲ့သူနာပြုလေးက ရိရှင်းကိုမြင်တော့ နှုတ်ဆက်ရှာတယ်။ တိုးတိုးနေဖို့ လက်ဟန်ပြပြီး မျက်ခုံးပင့် မေးခွန်းထုတ်လာတဲ့ရိရှင်းကို သူနာပြုမလေးက နားလည်ဟန်နဲ့ ခေါင်းငြိမ့်ပြတယ်။
"ဒီနေ့တော့ နာကျင်မှု သိပ်မပြတဲ့ပုံပဲ ၊ ခုနကပဲ ကျွန်မ အိပ်ဆေးသွင်းပေးလာတယ်"
"ဒီနေ့ရော ဘာတွေလုပ်သေးလဲ"
"တစ်ခုခုရေးနေတာတော့ တွေ့တယ်"
တိုးတိုးလေးပြောလာတဲ့ဆရာမလေးကို ရိရှင်းက ကျေးဇူးတင်တဲ့အကြောင်း ခပ်တိုးတိုးပြောလိုက်တယ်။
အခန်းထဲကို ဝင်လိုက်တဲ့အခါ ရေးလက်စပန်းချီကားတစ်ခုနဲ့အတူ ဆေးရုံတက်တည်းက ဆွဲပြီးတဲ့ပန်းချီကားတွေကို နံရံထောင့်မှာ ညီညီစီထားတာတွေ့တယ်။
ကုတင်နားသွားလို့ အိပ်ပျော်နေတဲ့ရှောင်းကျန့်ရဲ့လက်တစ်ဖက်ကို ဆွဲယူလို့ အနွေးဝတ်နဲ့ ခပ်သာသာသုတ်ပေးနေတယ်။
လက်ကောက်ဝတ်ကို ဆွဲလှန်ကြည့်လိုက်တဲ့အခါ အပ်ထိုးရာတွေ မနည်းမနောရှိနေတာကို တွေ့မိတော့ ရိရှင်း အံကြိတ်လိုက်မိတယ်။
ကျလာတော့မဲ့နှာရည်ကို တစ်ချက်ရှုံ့လိုက်မိတော့ ရှောင်းကျန့်က အိပ်ပျော်နေရာကနေ လန့်နိုးလာဟန်ပေါ်တယ်။
"ရိရှင်းကော"
"နိုးသွားတာလား ဆော်ရီးကွာ"
ပြုံးလာတဲ့ရှောင်းကျန့်က ရပါတယ်လို့ဆိုချင်နေပုံ။ ခဏနေတဲ့အခါ တစ်ခုခုကို အမှတ်ရသွားပုံနဲ့ ခေါင်းအုန်းအောက်မှာ ထည့်ထားတဲ့ တစ်ခုခုကို ဆွဲထုတ်လာတယ်။
ရှောင်းကျန့်လက်ပေါ်ပါလာတာက စာအိတ်လေးတွေ။နားမလည်ဟန်ကြည့်မိတဲ့အခါ ရှောင်းကျန့်က ဒုတိယအကြိမ်မြောက်ပြုံးပြလာပြန်တယ်။ လက်ကမ်းနေတဲ့စာအိတ်လေးတွေကို ယူကြည့်လိုက်တဲ့အခါ စာအိတ်ထောင့်စွန်းနားလေးမှာ နာမည်လေးတွေ တပ်ထားတာကိုတွေ့တယ်။
"လုယန် ၊ လောင်ဝေ ၊ ဂျွန်မြောင် ၊ ရိပေါ်...... "
"ဒါဘာတွေလဲ ရှောင်းကျန့်"
YOU ARE READING
Never Get It Again