Unicode
"သိပ်ကိုပျော်နေတယ်ပေါ့"
လုယန် လှမ်းနောက်လိုက်တာကို ရှောင်းကျန့်ကတော့ ပြုံးပြုံးလေးနဲ့ပဲ နေနေတယ်။ ဒီစာသင်ချိန်ပြီးရင် သူ ရိပေါ်ရဲ့ ဘတ်စ်ကတ်ဘောပြိုင်ပွဲကို သွားကြည့်မလို့။ အစကတော့ လုယန်လည်းလိုက်မလို့ပဲ။ ဒါပင်မဲ့ အိမ်ကိစ္စလေးတစ်ခုကြောင့် အခုတော့ ရှောင်းကျန့် တစ်ယောက်ပဲသွားရတော့မှာ။
အဆောင်ကနေ အားကစားရုံကို လမ်းလျှောက်လာတဲ့တစ်လျှောက် လမ်းမပေါ်ကမျက်ဝန်းတွေအားလုံးက ရှောင်းကျန့်ဆီမှာပဲ။ ဒီနေ့ မနက်မိုးလင်းလောက်တည်းက ကျောင်းလာရတာမို့ အဝတ်အစားကို ပေါ့ပေါ့ပါးပါးပဲ ဝတ်လာခဲ့တယ်။ တီရှပ်အဖြူနဲ့ ဂျင်းဘောင်းဘီ။
ရုံဝအရောက် ရှောင်းကျန့် နာရီတစ်ချက်ကြည့်လိုက်တယ်။ ပွဲစဖို့ နာရီဝက်လောက်လိုသေးတာပဲ။ စောစောထွက်လာမိတာ တော်သေးတာပေါ့။ ခေါင်းပြန်အမော့မှာပဲ ရှောင်းကျန့်နဲ့ခြေဆယ်လှမ်းအကွာလောက်မှာရပ်နေတဲ့ရိပေါ်။ ရှောင်းကျန့်ကို မျက်ဝန်းတောက်တောက်တွေနဲ့ လှမ်းကြည့်နေတယ်။ ရိပေါ် ခဏခဏဘာလို့အဲ့လိုမျိုးကြည့်လည်း ရှောင်းကျန့် နားမလည်ဘူး။
ရှောင်းကျန့်ရှိရာဆီ တစ်လှမ်းချင်းလျှောက်လာတဲ့ရိပေါ်။ အားကစားအင်္ကျီအနီမှာ လက်မောင်းနေရာလေးကပဲ အဖြူရောင် ၊ နဖူးစည်းပေါ်က ဝဲကျနေတဲ့ဆံပင်ပျော့ပျော့လေးတွေ ၊ ဒူးအထက်ဘောင်းဘီနဲ့ရိပေါ်က အရင်ကထက် လူငယ်ပိုဆန်နေတယ်။
"စောင့်နေတာ"
ရှောင်းကျန့် နှုတ်ခမ်းတွေပါးပါးလေး ကော့တက်သွားတယ်။ ရိပေါ်က သူ့ကိုကြည့်နေရင်းကနေ ရုတ်တရက်အကြည့်လွှဲသွားတယ်။
"ထိုင်မဲ့နေရာ ပြမယ် ၊ လိုက်ခဲ့ပေး"
ပြောပြီးလက်မောင်းကို အသာဆွဲသွားတယ်။ ရုံထဲမှာ လူတွေပြည့်နေပြီ။ ထိုင်စရာနေရာရော ရှိပါအုန်းမလား။ ဒါပင်မဲ့ ရိပေါ်က ပွဲကြည့်စင်ရဲ့အရှေ့ဆုံးတန်းမှာ ထိုင်ခိုင်းလိုက်တယ်။ ဘေးတစ်ချက်ကြည့်လိုက်တော့ ကောင်မလေးခပ်ချောချောလေးတွေနဲ့ အန်တီကြီးတစ်ယောက်နှစ်ယောက် ထိုင်နေကြတယ်။ ယောက်ျားလေးဆိုလို့ ရှောင်းကျန့်တစ်ယောက်တည်း။
YOU ARE READING
Never Get It Again