28

3.5K 402 9
                                    

Unicode

"အိုးဟိုး သဲက ပူနေတာပဲ"

ကမ်းခြေစပ်နားသွားရပ်လို့ ရှောင်းကျန့် သဲတွေကို ခြေချောင်းလေးတွေနဲ့ဆွနေတယ်။ ရောက်သွားတဲ့အချိန်က နေ့လည်ခင်းပိုင်းမို့ အပူချိန်အရမ်းပြင်းလွန်းတယ်။

စက်ဘီးနှစ်စီးကို မနီးမဝေးကသစ်ပင်မှာ သော့ချိတ်နဲ့သေချာချိတ်ထားပြီး လွယ်အိတ်တွေထားထားတဲ့ကွပ်ပျစ်ဆီကို ရိပေါ် ပြန်လျှောက်လာတယ်။

ကွပ်ပျစ်ဝိုင်းကို အလယ်မှာထားပြီး ဘေးမှာအုန်းပင်တွေဝိုင်းနေတာမို့ နေလုံးဝမပူဘဲ အရိပ်ကောင်းကောင်းရတယ်။

ရှောင်းကျန့်ကို လှမ်းကြည့်တော့ နေပူကျဲတဲကြီးထဲမှာ တစ်ယောက်တည်း ထီးထီးကြီးရပ်လို့။ အနုပညာသမားမို့လို့လားမသိဘူး။ တစ်ခါတစ်လေ ရှောင်းကျန့်ရဲ့အမူအကျင့်တစ်ချို့ကို ရိပေါ် နားမလည်နိုင်ဘူး။

"ရှောင်းကျန့် နေပူတယ် ၊ ဒီကိုလာတော့"

အော်လည်းအော်ရင်း လွယ်အိတ်ထဲက အဝတ်ပါးတစ်ခုကိုယူပြီး ကွပ်ပျစ်ပေါ်ကဖုန်တွေကိုသုတ်နေလိုက်တယ်။ ပြေးလာတဲ့ရှောင်းကျန့်ကိုကြည့်ပြီး ရိပေါ် သူ့အစား ခြေထောက်တွေပူနေတယ်။

"အရမ်းပူတာပဲ ရိပေါ်"

"မှန်း...ခြေထောက်ပေါက်သွားသေးလား"

ကွပ်ပျစ်အောက် ဒူးထောက်ချလိုက်ပြီး ခြေချင်းဝတ်ကို ဆုပ်ကိုင်လို့ ခြေဖဝါးကို အသာအယာပင့်မတယ်။ ရှောင်းကျန့်ကတော့ ကွပ်ပျစ်ပေါ်ရောက်တာနဲ့ နောက်ပြန်လှန်ပြီး အိပ်ချတော့တာပဲ။

"ဒီကိုလာခဲ့"

ကွပ်ပျစ်ပေါ်လှဲချလိုက်တဲ့ရှောင်းကျန့်က ဘေးလွတ်နေသေးတဲ့နေရာကို လက်နဲ့အသာပုတ်လို့ အောက်မှာထိုင်နေတဲ့ရိပေါ်ကို လှမ်းခေါ်တယ်။

အေးအေးဆေးဆေးဖြစ်နေတဲ့ရှောင်းကျန့်ကို နှာမှုတ်လို့ ခြေဖဝါးကို လက်နဲ့တစ်ချက်ရိုက်လိုက်တယ်။ ဘောင်းဘီမှာပေနေတဲ့ဖုန်တွေကို လက်နဲ့တစ်ချက်ခါပြီး ဘေးဝင်လှဲတော့ ရှောင်းကျန့်က ကွပ်ပျစ်အစွန်ဘက် နည်းနည်းရွေ့ပေးတယ်။

Never Get It AgainWhere stories live. Discover now